Part 58
ဆရာမယန့် ကို ကျန်းယန်ရှန့် ၏ မိခင်က ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ကျန်းယန်ရှန့်ကို နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့သဖြင့် သူမတို့ မိသားစုအခြေအနေမှာ အနည်းငယ်ရှုပ်ထွေးနေမှန်း ဆရာမယန့် သိထားသည်။ထို့အပြင် ကျန်းဟွမ်သည် သားသမီးမ်ားကို ဂရုစိုက်ပေးသည့် ဖခင်မျိုး မဟုတ်မှန်းလည်း သူမ ခန့်မှန်းမိလေ၏။
ဆရာမယန့် က ခေါင်းညိတ်ပြီး ပြောလေသည်
"ကောင်းပါပြီ..."
ကျန်းယန်ရှန့် ထွက်သွားသောအခါ ဆရာမက ကျန်းဟယ်လင်း ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောသည်။
"သမီးရဲ့ အစ္မက အရမ်း ဂရုစိုက်တယ်နော်..."
ကျန်းဟယ်လင်း က ကျေနပ်စွာ ပြုံးလိုက်သည်။
ကျန်းယန်ရှန့် သည် မွန်းတည့်ချိန်အထိ စာကျက်ခဲ့ပြီးနောက် ကျန်းရှို့ချန် ၏ အိမ္စာမ်ားကို စစ်ပေးလိုက်သည်။
ထို့နောက် သူမ ကျန်းဟွမ် ၏ အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ပြောလိုက်သည်။
သြဂုတ်လ ၂ ရက်နေ့ ကျန်းဟယ်လင်း ရဲ့မွေးနေ့မှာ အပန်းဖြေဥယျာဉ်ကို သြားဖို့ အေဖ ကတိပေးထားတယ်...ကျေးဇူးပြုပြီး အဖေ့ရဲ့အချိန်ဇယားထဲမှာ ထည့်ထားပေးပါ...သူမေ့မသွားအောင်လို့...
အတွင်းရေးမှူးက သဘောတူလိုက်ပြီး ကျန်းဟွမ် ကို ပြောပြလိုက်သည်။
"ငါမေ့တော့မလို့... မြန်မြန်လုပ်...ငါ့အချိန်ဇယားထဲ ထည့်ထားလိုက်ပါ...သမီးကို ကတိပေးထားတယ်..."
"မမေလး ယန်ယန်က အရွယ်ရောက်လာပြီ....သူ့ညီမကို စောင့်ရှောက်နိုင်နေပါပြီ...."
ကျန်းဟွမ် သည် ထိုစကားကိုကြားသောအခါ ကြည်နူးသွားသည်။
လျန့်ကျန်း သည် အလုပ်သင်အဖြစ် လုပ်ရသည်ကို လျန့်ယင်းယင်း ကို အပြစ်တင်ခဲ့သော်လည်း ရုံးဆင်းလာသောအခါ ပျော်ရွှင်လာပုံရသည်။
"ကျွန်တော်က ဦးလေးရဲ့တူ,လို့ ပြောလိုက်တာ...လူတိုင်းက ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံကြတယ်..."
VOUS LISEZ
အကြီးဆုံးသမီး👩
Fiction généraleEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...