Chapter 186
ဒါရိုက်တာရှယ်၏ မျက်နှာထားမှာလေးနက်သွားရပြီး ဖန်ခွက်ကို ရှုလီချန် ဖန်ခွက်နှင့် ချွင်ကနဲ တိုက်လိုက်သည်။
"ရှောင်ရှု..." (ရှုလီချန်)
“…”
ထို့နောက် ကျန်းယန်ရှန့် က မိုလင်းကို ဖုန်းဆက်လိုက်သည်။
“မနက်ဖြန် ဒီမှာ နောက်ထပ်တစ်ရက် ဆက်နေမှာဆိုတော့ သူက ရိုက်ကူးရေးကို ကြည့်ချင်နေသေးလို့ပါ...မနက်ဖြန်ညကျမှ ကေမြို့ကို ပြန်မယ်လေ...”
မိုလင်းက ကျန်းယန်ရှန့်အား သူမ၏ပရိုမိုးရှင်း အစည်းအဝေးသို့ ဖိတ်ခဲ့သော်လည်း ကျန်းယန်ရှန့်က "နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" ကိုသာ စိတ်ဝင်စားသဖြင့် အစည်းအဝေးသို့ မသွားရခြင်း ဖြစ်လေသည်။
“အစ်မရဲ့ ပရိုမိုးရှင်းအစည်းဝေးက ပြီးသွားပြီ...မနက်ဖြန် ကေမြို့ကိုပြန်မှာလေ...သဘက်ခါ ဆုံကြမလား...”
"ဟုတ်ပြီ ဆုံကြတာပေါ့..."
နောက်တစ်နေ့တွင် ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့သည် ရိုက်ကူးရေးနေရာသို့ သွားရောက်ခဲ့ကြသည်။ ရှုလီချန်မှာကင်မရာထဲ သူပါ ဝင်မတတ် စိတ်အား ထက်သန်နေပြီး မပြန်ချင်ဘူး လုပ်နေ၍ ကျန်းယန်ရှန့် မှာ သူ့ အင်္ကျီကော်လာကို ဆွဲပြီး လေဆိပ်ကို ခေါ်လာရသည်။
လေယာဉ်ပေါ် ရောက်လျှင် သူမက မေးလိုက်သည်။
“နင့် အဖေနဲ့ အမေကရော အခြေအနေ ဘယ်လိုလဲ...”
ရှုလီချန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"သူတို့ ဘာလုပ်နိုင်မလဲလေ...ချစ်ပြရုံပါပဲ... ဟိုတစ်လောက သူတို့မင်္ဂလာနှစ်ပတ်လည်မှာ ပါတီပွဲကြီးတစ်ခုလုပ်တယ်...ပြီးတော့ ကုမ္ပဏီရဲ့အဆင့်မြင့် ဝန်ထမ်းအားလုံး ဖိတ်လိုက်တယ်လေ...”
ယခင်က ရှုလီချန် မိဘများ၏ ဆက်ဆံရေးသည် အနည်းငယ် အဆင်မပြေ ဟု သူမသိထားသဖြင့် ယခု အံ့သြသွားရသည်။ လူနှစ်ယောက်အတွက် နွေးထွေးသည့် အခိုက်အတန့်ကလေးကို မသက်ဆိုင်သူများနှင့် ခမ်းနားစွာ ကျင်းပခဲ့ခြင်းကို သူမ နားမလည်နိုင်တော့ပေ။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...