Part 31
ကျန်းဟယ်လင်း သည် ရက်အနည်းငယ်အတွင်း မိသားစုအိမ်တွင် သက်တောင့်သက်သာရှိသည်ဟု ခံစားလာရသည်။
မနေ့ညက သူမ အစ္မ၏ စိတ်နေသဘောထား ပြောင်းလဲခြင်းမှ အစပြုခဲ့ပုံရသည်။ကျန်းယန်ရှန့်၏ သိမ်မွေ့သောပြောင်းလဲမှုကြောင့် သူမ အလွန်အံ့သြသွားရလေ၏
သူမသည် ပိုက္ဆံကို ဘယ်တော့မှ ကုန်အောင်မသုံးဘဲ အစ်မပေးသော ပမာဏ အတွင်း သေချာပေါက် သိမ်းထားမည်ဟု အကြိမ်ကြိမ် ကတိပေးခဲ့သည်။
ကျန်းယန်ရှန့် က အိတ်များကို ရင်ခွင်ထဲထည့်ကာ သယ်လာတာကိုမြင်တော့ သူမ ဂိမ်းစက်ကို ချပြီးကူညီရန် သွားလိုက်သည်။
"အစ္မ အဝတ်အစား အသစ်ဝယ်လာတာလား ..."
ကျန်းယန်ရှန့် က တံဆိပ်တွေကို ဖြုတ်လိုက်ရင်း...
အင်း
ဘာမှမထူးခြားဘဲ ပြန်ဖြေလိုက်သည်။
ကျန်ဟယ်လင်း က သူမကို အင်္ကျီချိတ်တွေ ပေးပြီး အဝတ်တွေ ကူချိတ်ပေးလိုက်သည်။
ကျန့်ဟယ်လင်း က သတိထားပြီးဆက်ပြောလိုက်သည်။
"အစ္မ ဝယ္လာတဲ့ အဝတ်အစားက အစ်မရဲ့အရင် အဝတ်တွေနဲ့ ပုံစံမတူဘူးနော်..."
ဒါကိုကြားတော့ ကျန်းယန်ရှန့် က မျက်လုံးပြူးပြီး ချိတ်ထားတဲ့ အဝတ်တွေကို တစ်ချက်ကြည့်လိုက်သည်။
ဟုတ်တယ်။တကယ့်ကို ကွဲပြားတဲ့ ပုံစံတွေပဲ...
ထိုအချိန်က ကျန်းယန်ရှန့် သည် လိမ္မာသည့်မိန်းကလေး တစ်ယောက် ဖြစ်နေဆဲဖြစ်သဖြင့် ဗီရိုအတွင်းရှိအဝတ်များသည် အလွန်လတ်ဆတ်ပြီး ဖြူစင်ပြီး နုပျိုနေပါသည်။
သို့သော်လည်း နောက်ပိုင်းမှာတော့ ကျန်းယန်ရှန့် ဟာ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ တက်တူးများစွာနဲ့ 'ဆိုးသွမ်းတဲ့ မိန်းကလေး' ဖြစ်လာခဲ့သည်။သူမရဲ့ အလှတရားတွေက ဒီခေတ်နဲ့ လုံးဝကို မတူညီပေ။
ထို့ကြောင့်ဒီနေ့မှာ သူမရဲ့ အလှတရားနဲ့ လိုက္ဖက္ညီတဲ့ အဝတ်အစားတွေကို အထူးဝယ်ယူခဲ့ခြင်းပင်ဖြစ်သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...