အကြီးဆုံးသမီး

2K 160 0
                                    

Part 51

'ဟုတ်တယ်...အဲ့ဒါ သူပဲ...'

ကျန်းယန်ရှန့် ဝမ်းသာသွားပြီး ထိုလူငယ္ကို လှမ်းခေါ်မည် ပြုသည်။

'ဟင်...သူ့နာမည်မှ မသိတာ'

ထို့အပြင် သူမတို့ ညီအစ်မနှစ်ယောက် စီးလာသော အဆင့်ဖြတ် စက်လှေကားသည် အလွန်မြန်သဖြင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

"လာ...မြန်မြန်တက်ရအောင်...

ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ၏ လက္ကို ဆြဲကာ ပြေးတက်လိုက်ပြီး အဆင်း စက်လှေကားဆီသို့ အမြန် ပြေးသွားသည်။

သို့သော် သူမတို့ အောက်ထပ်သို့ ရောက်သောအခါ ထိုလူငယ္ကို မတွေ့ရတော့ပေ။ကျန်းယန်ရှန့် သည် ဘေးပတ်ပတ်လည်ကို လိုက်ကြည့်သော်လည်း အခြားဈေးဝယ်သူများကိုသာ တွေ့ရသည်။

ကျန်းဟယ်လင်း က ကျန်းယန်ရှန့် လက္ကို လှမ်းဆွဲလိုက်ပြီး နားမလည်နိုင်စွာ မေးသည်။

"အစ္မ...ဘာဖြစ်လို့လဲ..."

ကျန်းယန်ရှန့် က စိတ္ပ်က္စြာ ပြောလိုက်သည်။

ဘာမွ မဖြစ်ပါဘူး...ငါ့ အသိတစ်ယောက်ကို တွေ့လိုက်လို့...အခု သူဘယ်ရောက်သွားလဲ မသိတော့ဘူး...လာ...သွားကြစို့... လက်ဖက်ရည် သွားသောက်ရအောင်...."

"ဘုရင်မ" ကိတ်မုန့်ဆိုင်သည် နာမည်ကျော်ဆိုင်ကြီး ဖြစ်၍ လူစည်ကားလှသည်။ ကျန်းဟယ်လင်းသည် ကိတ်မုန့် စားရခြင်းထက် အစ္မျဖစ္သူက ဂရုစိုက်ပေးသည့်အတွက် ပို၍ပျော်ရွှင် နေသည်။ ဤကဲ့သို့ လွတ်လပ်ပြီး နွေးထွေးသည့် ခံစားမှုမျိုးကို သူမဘဝတွင် တစ်ခါမျှ မခံစားခဲ့ဖူးပေ။

ကျန်းဟယ်လင်း ကိတ်မုန့် တစ်ဇွန်းကို စားလိုက်ရင်း ကျန်းယန်ရှန့် ကို မ်က္လုံးမ်ား မှိတ်သွားသည်ထိ ရယ်ပြလိုက်သည်။

ကျန်းယန်ရှန့် က သူမနဖူးကို ခပ္ဖြဖြ ပုတ်လိုက်ပြီး ပြောလိုက်သည်။

"အရူးမလေး..."

ထို့နောက် ကျန်းယန်ရှန့် စက်လှေကားပေါ်မှ လူငယ် အကြောင်းတွေးနေမိသည်။ထိုလူငယ်သည် သူမကို ဆေးရုံသို့ ပို့ပေး၍ လက္ကို ညင်သာစွာ ဆုပ်ကိုင်ကာ သူမ၏ နောက်ဆုံးအချိန်တွင် ဖေးမ,ပေးခဲ့သူဖြစ်သည်။ မိခင် ဆုံးပါးသွားပြီးနောက် သူမသည် အျခားသူမ်ား၏ ကြင်နာယုယမှုကို မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

အကြီးဆုံးသမီး👩Tempat cerita menjadi hidup. Temukan sekarang