Part 5
ကျန်းယန်ရှန့် သူမရှေ့က ကောင်လေးကိုစိုက်ကြည့်လိုက်ရင်း မျက်နှာမှရေများကိုသုတ်လိုက်သည်။ သူမ အံ့အားသင့်သွားသည်မှာ ထိုကောင်လေးသည် အရမ်းငယ်နေသေးခြင်းပင်
ကျန်းရှို့ချန်သည် ဒီနှစ်တွင် အသက် ၇ နှစ်ရှိပြီဖြစ်သည်။ ဒီအရွယ်ကလေးများသည် ရုတ်တရက် ပြောစကားနားမထောင်တတ်တော့ပေ။ သူသည် သူမကို အောင်မြင်စွာတိုက်ခိုက်လိုက်နိုင်သည့်အတွက် တကိုယ်လုံးယမ်းခါနေသည်အထိ အားပါးတရ ရယ်မောပြီး တဖက်သူကိုဒေါသထွက်အောင် ချဲ့ကားပြုမူနေတော့သည်။
အတိတ်တုန်းက အသက် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်သည် ဒေါသအလွန်ထွက်ခဲ့ကာ အောက်ထပ်အထိ သူ့နောက်သို့ပြေးလိုက်ခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ခဲ့သောကြောင့် လျန့်ယင်းယင်းက သူမကို တမင်နှောင့်နှေးအောင်လုပ်နေသည်ဟု စွပ်စွဲခြင်းကိုခံခဲ့ရသည်။ သူမတို့မိသားစု ဝင်ပေါက်ကိုရောက်သည့်အချိန်မှာတော့ အဖွား၏မွေးနေ့ပွဲသည် စတင်နေပြီဖြစ်သောကြောင့် အလွန်အရိုအသေမဲ့ခဲ့ရသည်။
အဖြား ၁ သည် သူမ၏အမျိုးများကြားတွင် မျက်နှာပျက်ခဲ့ရပြီး အလွန်စိတ်မကောင်းဖြစ်သွားသည်။ လျန့်ယင်းယင်းက ကျန်းယန်ရှန့်၏အချိန်ဖြုန်းမှုကြောင့် သူမတို့အားလုံး နှောင့်နှေးရသည်ဟု ရှေ့ကပိတ်ပြောခဲ့လေသည်။
ပို၍မုန်းစရာကောင်းသည့်အရာမှာ ကျန်းရှို့ချန်သည် သူ၏ရေပြွတ်သေနတ်လေးဖြင့် သူမနောက်တစ်ကြိမ်ထပ်လဲထားသောစကဒ်လေးကို မွေးနေ့ပွဲအပြီးတွင် ထပ်မံဖျက်စီးခဲ့သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းယန်ရှန့်သည် လျန့်ယင်းယင်းကိုသာ သူမမျက်လုံးထဲတွင် မုန်းတီးခဲ့သည်။ ထို့ကြောင့် မျက်မြင်သက်သေများရှေ့တွင် ကျန်းရှို့ချန်သည် ဆိုးသွမ်းပြီး သူမဘက်မှမမှားကြောင်းကို သက်သေပြချင်ခဲ့သည်။ ထို့ကြောင့် ကျန်းရှို့ချန်ကိုဆွဲထားရင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာဖြင့် ဒေါသတကြီး ထိုကိစ္စကိုအငြင်းပွားခဲ့သည်။
ထို့ကြောင့်ပင် ထိုကိစ္စက သူမအဖြားကို ပို၍မျက်နှာပျက်စေခဲ့သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...