Chapter 49
"အဲ့ဒါက...
ကျန်းယန်ရှန့် က ခဏလောက်စဉ်းစားပြီး
မတော်တဆ ထိမိရင် အရမ်းနာတယ်လေ... နည်းနည်းလေး ရောင်ရမ်း နေသလို ခံစားရတယ်....ဟုတ္တယ္မဟုတ္လား...."
"ဟုတ်တယ်...ဟုတ်တယ်...နာတယ်..."
အမှန်ပင် သူမ၏ ရင်သား ဖွံ့ဖြိုးစ ပြုနေပြီဖြစ်သည်။
ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း ကို တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်သည်။
"ရှင်မီး အင်္ကျီ ဘာလို့ မဝတ္တာလဲ...နောက်ဆို အတွင်းခံကောင်းကောင်းဝတ်ရမယ်...
ကျန်းဟယ်လင်း အူတူတဖြင့်ပြန်မေးလိုက်သည်။
"ဘယ်အဝတ်လဲ..."
ကျန်းယန်ရှန့် က မျက်မှောင်ကြုတ်ပြီး
နင့်အမေက နင့်အတွက် မဝယ်ပေးဘူးလား...ရင်သားကို ကာကြယ္ဖို့ ရှင်မီးအင်္ကျီလေ...
"အဲဒါ... ဘာလဲဟင်..."
သူမ အေမ၏ အမိုက္စား ဘရာစီယာတွေကို သူမ မြင်ဖူးသည်။သူမ ကြောက်သွားမိသည်။ ဒီကေလး မေလး၏ ထိတ်လန့်သော အကြည့်ကြောင့် ကျန်းယန်ရှန့် ပြုံးလိုက်သည်။
ကျန်းယန်ရှန့် လည်း ပျိုဖော်ဝင်ခါစက ရင်သားဖွံဖြိုးလာခြင်းကို ရှက်ရွံ့ခဲ့ရသည်။
ကံကောင်းထောက်မစွာ၊ သူမ၏ အေမ က သတိထားမိသွားသည်။သူမကို မေးခွန်း အနည်းငယ် မေးပြီးနောက် မိန်းကလေးများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုသည် အလွန်လှပကြောင်း ပြောပြခဲ့သည်။ သူမ၏ အမေသည် အပြင်သိပ်မထွက်ပေ။အပြင်ထွက်လျှင်လည်း ဆေးရုံကိုသာ သြားလေ့ရှိသည်။
အေမက သူမ အတွက် ရှင်မီး တော်တော်များများ ဝယ်ခဲ့ပြီး သူမအတွက် အသင့်တော်ဆုံး နှင့် သက်တောင့်သက်သာရှိသည့် ၀တ်စုံတွေကိုသာ အေမ ကိုယ်တိုင် ရွေးချယ်ပေးခဲ့သည်။
နောက်ပိုင်းတွင် သူမ၏ အေမ ဆုံးပါးသွားပြီးနောက် ကျန်းယန်ရှန့် သည် အရိုးရှင်းဆုံး ရှင်မီး မွ ခွက်နှင့်ဘရာစီယာများ အထိ သူမကိုယ်တိုင် စိတ်တိုင်းကျ ဝယ်ယူခဲ့သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...