အကြီးဆုံးသမီး👩

1.8K 115 1
                                    

Chapter 144

သူတို့သားအမိနှစ်ယောက်သည် တိတ်ဆိတ်စွာဖြင့်ပြန်လာခဲ့ကြသည် ။ ကျန်းကျစ်ယွမ်၏ အမေ က သူ အဘယ့်ကြောင့် ဝန်းအပြင်သို့ ထွက်ကာ အမှိုက်  ထွက်ပစ်သည်ကိုတော့  မမေးခဲ့ပေ။

    သူမ၏ နှလုံးသားထဲတွင်တော့ တစ်စုံတစ်ခုအား သိထားသည် ။ ထိုအရာသည် ကျိုးပျက်ခဲ့ပါက လွယ်ကူမည် မဟုတ်ပေ။

    သို့သော် သူမ မအောင့်နိုင်သောကြောင့် ပြောလိုက်သည် " ကောင်မလေးက အရမ်းချောတာပဲ…"။

    ကျန်းကျစ်ယွမ်၏ နှုတ်ခမ်းများထက် ပြုံးရိပ်ပေါ်လာကာ "အတန်းထဲက ကောင်လေးတွေက အမြဲတန်း သူ့အကြောင်းကို ပြောနေကြတာ …သူမက လက်ရှိကျောင်းရဲ့ပန်းကလေးပဲ…"။

    ကျန်းကျစ်ယွမ်၏ အမေသည် သူ့သားအခြေအနအား အကဲ ခတ်ကာ ပြောလိုက်သည်

" အထက်တန်းကျောင်း…"

    ကျန်းကျစ်ယွမ်က ပြုံးကာ "ကျွန်တော် မချစ်ပါဘူး…ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ် …"။

    သူ့ အမေက သူ့ကို ယုံသည် ။ သူမ၏သားအား လိုက်ရှာ နေစဉ်က ကျန်းယန်ရှန့်သည် မချစ်ကြဖို့ပြောနေကြသည်ကိုလည်း သူမ နားစွန်နားဖျား ကြားလိုက်ရသည် ။

    ထိုစကားများကြောင့် သူမ စိတ်သက်သာရာ ရခဲ့သည် ၊ သူတို့နှစ်ယောက်သည် တိတ်တဆိတ် ချိန်းတွေ့နေကြသည် မဟုတ်သောကြောင့်ဖြစ်သည် ။

    ခြေလှမ်းအနည်းငယ် ထပ်လျောက်ပြီးသည့်နောက်တွင် သူမ မေးပြန်လေသည်

"သူက ဒေါသကြီးတတ်ပုံပေါက်တဲ့ မိန်းကလေးနဲ့တူတယ်…ငါဘာမှ မပြောလိုက်မိဘူးမဟုတ်လား …"။

    ကျန်းယန်ရှန့်၏ အမူအရာမှာ ပြောင်းလဲသွားသည်ကို ကျန်းကျစ်ယွမ်ပင် ခံစား၍ရခဲ့သည် ၊ ထိုအရာကိုလည်း သူ၏ အမေ မမြင်ပဲ နေမည်မဟုတ်ပေ။ သူမသည် ကျန်းယန်ရှန့်အား မာနကြီးတတ်သည့် မိန်းကလေးဟုသာ ထင်ခဲ့သည် ၊ ထို မိန်းမလှလေးများအားလုံးသည်  ယေဘူယျအားဖြင့် ထိုသို့ မာန မျိုး ရှိတတ်သောကြောင့်ဖြစ်တတ်လေသည် ။

    ကျန်းကျစ်ယွမ် ခန တိတ်ဆိတ်သွားကာ ပြတ်ပြတ်သားသားပြောလိုက်သည်

အကြီးဆုံးသမီး👩Où les histoires vivent. Découvrez maintenant