Part 16
ကျန်းရှို့ချန် စားသောက်ပြီးသည်နှင့် ပါးစပ်သုတ်ကာ သူမကိုပင်နှုတ်မဆက်ဘဲ ထွက်ပြေးတော့သည်။
ထိုကောင်ဆိုးလေးတွင် အပြုအမူကောင်းများ မရှိတော့ပေ။ ထို့ကြောင့် သူမလည်း သူ့ကိုအကြည့်တစ်ချက်ပင်မပေးခဲ့ပဲ လျင်မြန်စွာစားလိုက်ကာ အပေါ်ထပ်သို့တက်သွားလိုက်သည်။ ကျန်းယန်ရှန့် ဒုတိယထပ်သို့ရောက်သည်နှင့် ကျန်းရှို့ချန်မှ ဗိုက်ကိုလက်နှစ်ဖက်ဖြင့်အုပ်ရင်း ပြေးဆင်းလာသည်။ ကျန်းယန်ရှန့်က သူ့လက်ကိုလှမ်းဆွဲလိုက်ရင်း နင် ဘာလုပ္မလို့လဲ ကျန်းရှို့ချန်က ရုန်းကန်နေရင်း ငါ့ကိုလွှတ်..
ကျန်းရှို့ချန် အသက် ၁၃ နှစ်အရွယ်တွင် အတော်လေးအရပ်ရှည်ကာ သန်မာနေပြီဖြစ်သည့်အတွက် များပြားလှသော မကောင်းမှုများကိုဖြစ်စေခဲ့သည်။
ယခုအချိန်တွင်သူသည် အသက် ၇ နှစ်အရွယ်သာရှိသေးသည့် နတ်ဆိုးလေးတစ်ကောင်သာဖြစ်သည်။ ကျန်းရှို့ချန် လက်ထဲမှအရာကို ကောင်းစွာကိုင်မထားနိုင်တော့ဘဲ တစ်စုံတစ်ခုသည် အကျီအောက်မှထွက်ကျလာသည်။ ထိုအရာသည် ဂီမ်းစက်တစ်ခုဖြစ်မှန်း ကျန်းယန်ရှန့်တွေ့လိုက်ရသည်။ ကံကောင်းစွာဖြင့် ကျန်းဟယ်လင်းဂိမ်းစက်ကဲ့သို့ စခရင်ကိုမထိသလို ကျန်းဟယ်လင်း၏ ဂိမ်းစက်လည်းမဟုတ်ပေ။
ဒုတိယထပ်တွင် ကျန်းဟယ်လင်းနှင့် သူမသာ နေသည့်အတွက် ကျန်းယန်ရှန့် မျက်ခုံးပင့်ကာ ပွင့်နေသော သူမ၏အခန်းတံခါးကိုလှမ်းကြည့်လိုက်သည်။ အောက်ထပ်သို့မဆင်းခင် အခန်းတံခါးအား သေချာပိတ်ခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်းမှတ်မိသည်။
သူမ တဖက်သို့ငုံ့ကြည့်လိုက်စဉ်တွင် ရန်လိုနေသောအကြည့်ကိုတွေ့လိုက်ရသည်။
နင် ငါ့အခန်းထဲပစ္စည်းတွေကို ခိုးလာတာလား
ကျန်းရှို့ချန်သည် သူ၏ မဟာရန်သူတော်လက်ထဲတွင် အမိဖမ်းခံနေရသည့်အတွက် အကြောက်အကန်ရုန်းထွက်ကာ ငါ့ကိုလွှတ် ငါ့ကိုလွှတ်
သူ၏ခန္ဓာကိုယ်မှာ သေးသေးလေးနှင့် လုံလောက်သောအင်အားမရှိသေးပေ။ ကျန်းယန်ရှန့်က လက်ကောက်ဝတ်မှဆွဲလိုက်ထားအတွက် မရုန်းနိုင်ဘဲ သူမလက်ကိုကိုက်ရန် ကျန်းရှို့ချန် ကြိုးစားလိုက်သည်။
ESTÁS LEYENDO
အကြီးဆုံးသမီး👩
Ficción GeneralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...