Part 96
ကျန်းဟွမ် ပြောနေစဉ်မှာပဲ ကျန်းယန်ရှန့်သည် လှေကားအပေါ်သို့ ရောက်သွားပြီဖြစ်သည်။
သူ့အဖေကရော သေနေလို့လား...
ကျန်းယန်ရှန့်သည် ထိုကဲ့သို့ ပြောလိုက်မိတော့မလိုပင်ဖြစ်သွားသည်။ သို့သော်လည်း မျိုသိပ်ကာ စကားတစ်ခွန်းမှမပြောပဲ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ကျန်းဟွမ် ပြုံးလိုက်သည်။ ကျန်းယန်ရှန့်တစ်ယောက် အပေါ်ထပ်သို့ အလျင်အမြန်တက်သွားသည်ကို ကြည့်နေပြီးမှ ရုတ်တရက်သတိရကာ လှေကားလက်ရန်းကိုကိုင်၍ ကျန်းယန်ရှန့်ကိုအော်ပြောလိုက်သည်။
"အဖေ မုန့်ဖိုးပိုပေးမယ်လေ...ဟုတ်ပြီလား..."
ပိုက်ဆံဖြင့်ဖြေရှင်းလို့ရသည့်အရာအားလုံးသည် ကောင်းသည့်အရာများပင်ဖြစ်သည် ဟု ကျန်းဟွမ်ခံယူထားသည်။
ကျန်းယန်ရှန့်သည် ဘာကြောင့်မှန်းမသိပဲ ပိုက်ဆံပိုပေးမည်ဟု ကျန်းဟွမ်အော်ပြောသည်ကို ကြားလိုက်ရသောအခါ အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းယန်ရှန့် အခန်းဆီသို့ပြန်ရောက်၍ မကြာမီမှာပဲ သူမ၏အကောင့်ထဲသို့ အပိုပေးသည့်မုန့်ဖိုးများဝင်လာသည်။ ကျန်းဟွမ်သည် ကတိတစ်ခွန်းကို ဘယ်တုန်းကမှ မဖောက်ဖျက်တတ်သူဖြစ်ပြီး ငွေကြေးနှင့်ပတ်သတ်လာလျှင်လဲ ထိုကဲ့သို့ပင်ဖြစ်သည်။
ကျန်းယန်ရှန့် တစ်ချက်ကြည့်လိုက်ကာ ဖုန်းကို လွှင့်ပစ်လိုက်သည်။
ကျန်းရှို့ချန်အား ဂရုစိုက်ခြင်းနှင့်စာသင်ခြင်းအလုပ်များကို လျန့်ယင်းယင်းမလုပ်တော့သည့်နောက်ပိုင်းတွင် ကျန်းမိသားစုသည် တိတ်ဆိတ်ကာ ပို၍နွေးထွေးလာကြသည်။
ကျန်းရှို့ချန်သည် လျန့်ယင်းယင်း၏လက်ထဲ ပြန်ရောက်သွားမည်စိုးသဖြင့် မနက်နိုးပြီဆိုသည်နှင့် အိမ်စာများကို တန်းလုပ်တော့သည်။ သူ မသိသည်များကို ကျန်းဟယ်လင်းက သင်ပြပေးသည်။ ကျန်းဟယ်လင်းသည် လျန့်ယင်းယင်းထက် များစွာ ပိုစိတ်ရှည်ကာ ကျန်းရှို့ချန်နားမလည်သည်များကို သေချာရှင်းပြပေးနိုင်သည်။
DU LIEST GERADE
အကြီးဆုံးသမီး👩
Aktuelle LiteraturEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...