Part 24
သို့သော်လည်း ဒီလူဟာ အရမ်း တကိုယ်ကောင်းဆန်သည်။သူသည် သဟဇာတဖြစ်ခြင်း နဲ့သာ ဘဝကို နေထိုင်ရန် သူ့စိတ်ထဲတွင် ရှိသည်။ကျန်းယန်ရှန့် ခံစားလိုက်ရသည်မှာ သူအရင်က အဓိပ္ပါယ်မရှိစွာ မဖြစ်နိုင်တာကိုသာ လိုချင်နေခဲ့မိသည်။
သူ့သမီး၏ စူးစိုက်ကြည့်နေခြင်းမှာ ကျန်းဟွမ်ကို အနည်းငယ် ကသိကအောက်ဖြစ်စေသည်။အမြဲ သူမက ကလေးတစ်ယောက်နဲ့ မတူအောင် ကျောချမ်းစရာကောင်းသည်ဟု ခံစားရသည်။
ပြောစရာကတော့ ဒီလောက်ပဲ
ကျန်းဟွမ် ချောင်းဟန့်လိုက်ပြီး ထရပ်လိုက်သည်။
သူတို့ကို အခု စိတ်ထဲ ထားမနေနဲ့အေဖ အပေါ်ထပ် အရင် တက်နှင့်တော့မယ်
သူ့သမီးကို နှစ်သိမ့်ပေးပြီးနောက် သူဟာ အဖေကောင်းတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရသည်။သူ့ရပ်တည်ချက်ကို ပြောင်းလဲရန် အစီစဉ် ချလိုက်သည်။ဒီတစ်ခါ သူ့သမီးကြီးက သူ့ကို အရင် လက်လျှော့လိုက်သည်ကိုတော့ သူမသိပေ။
ကျန်းယန်ရှန့် ဒီလူ့အပေါ် ဘာမွ ထပ်ပြီး ခံစားနေတော့မည် မဟုတ်ပေ။သူထွက်သွားတော့မှာကို သူမ ကြည့်နေလိုက်သော်လည်း ရုတ်တရက် သူ့ကို ရပ်သွားအောင် သူမ လုပ်လိုက်သည်။
ကျန်းဟယ်လင်းက မကြာခင် လေးတန်းတက်ရတော့မှာမလို့ မုန့်ဖိုးရသင့်တယ်သမီး သုံးတန်းရောက်တော့ အေမက သမီးမုန့်ဖိုးတွေကို သမီးကိုယ်တိုင် သိမ်းထားခိုင်းပြီ..
ကျန်းဟွမ် အခုထိ ထိုကိစ္စအပေါ် ထင်မြင်ချက်တစ်ခု ရှိနေသေးသည်။ထိုအချိန်က သူ့ဇနီး သူ့ကို ပြောခဲ့သည်။
ကျွန်မ ဘယ်အချိန် လက်လျှော့မိမယ် မသိဘူး..ရှင်ကလည်း ကိုယ့်ကလေးကိုယ် ဂရုစိုက်နိုင်တဲ့သူ မဟုတ္ဘူးအဲ့တာကြောင့် ယန်ယန် ပိုက္ဆံကို ဘယ္လို စီမံရမယ္ဆိုတာ သိသင့်တဲ့ အချိန်ကျပြီ
ထိုသို့ပြောသောအခါ ဓာတုကုထုံးကြောင့် ဆံပင်အမြောက်အမြား မရှိတော့တဲ့ သူ့ဇနီးကို သူ ငြင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။သိပ်မကြာခင် သမီးကြီးသည် သူ့ မုန့်ဖိုးအား သူကိုယ်တိုင် ကိုင်တွယ်သုံးစွဲခွင့် ရလေသည်။ သူမ ကောင်းမွန်စွာ စီမံတတ်ပုံလည်းပေါ်သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...