Part 67
နောက်ဆုံးတွင် လျန့်ယင်းယင်း က လျန့်ကျန်း၏ အိမ်ငှားခကို ပေးရန် သဘောတူလိုက်ပြီး လျန့်ကျန်းကလည်း အိမ်မှထွက်သွားရန် သဘောတူလိုက်သည်။
ထို့နောက် လျန့်ကျန်း က ရားထူးတိုးပေးရန် နှင် လစားတိုးပေးရန် ပြောသောအခါ လျန့်ယင်းယင်း စိတ်တိုသွားသည်။
"နင် အလုပ်လုပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ...သုံးရက်တောင် မပြည့်သေးဘူး... ဘာကို ရာထူးတိုးရမှာလဲ..."
လျန့်ကျန်း က သူမကို ပြန်လည် မချေပနိုင်သဖြင့် ဒေါသတကြီး အပေါ်ထပ်သို့ တက်သွားလေ၏။အခန်းထဲသို့ရောက်သောအခါ သူ့ သူငယ်ချင်းကို ဖုန်းဆက်လိုက်သည်။
"လူတွေကို နှိမ့်ချတာကွ... ငါက သူ့မိဘတွေရဲ့တူပါ... သူမသာ မရှိရင် ငါ့အန်တီတို့ မိသားစုလေးယောက် ဘယ်လောက် လိုက်ဖက်ညီ လိုက်မလဲ..."
သူ့သူငယ်ချင်းက ဖုန်းထဲမှ ပြောလိုက်သည်။
"သူမက အလယ်တန်းကျောင်းသူ တစ်ယောက်ပဲ..... မင်းသူ့ကို မထိန်းနိုင်ဘူးလား...မင်းဒီလောက် ပျော့ညံ့ရလား...."
" ငါ အလယ်တန်း ကျောင်းသူတစ်ယောက်နဲ့ ရန်ဖက်မဖြစ်ချင်ဘူးကွာ ...ဒါပေမဲ့ သူမကို ငါအနိုင်ယူမှာပါ...."
"ဒါဆို မင်းသူမကို ဘယ်လိုနှိပ်ကွပ်မှာလဲ...လုပ်လိုက်တော့လေ..သက်သေ ပြလိုက်တော့..."
"လွယ်လွယ်လေးပါကွာ..."
ကျန်းယန်ရှန့်သည် အခန်းထဲပြန်ရောက်သောအခါ ဆဲလ်ဖုန်းကို ဖွင့်လိုက်ရာ သူမ၏ အတန်းဖော်များက ပျော်ပွဲစားထွက်ရန် ခေါ်သည့် မက်ဆေ့ခ်ျကို တွေ့လိုက်ရ၏။
သို့သော် သူမက ငြင်းလိုက်သည်။
အလယ်တန်းမှ သူငယ်ချင်းများကို ကျန်းယန်ရှန့် သည် မေ့လုနီးပါးဖြစ်နေပြီး ထိုသူငယ်ချင်းများနှင့်လည်း အပြင်မထွက်ချင်ပေ။
မည်သို့ပင်ဆိုစေ သူမသည် အသက် ၂၁ နှစ်ရှိသည့် အရွယ်ရောက်ပြီးသူဖြစ်၍ အလယ်တန်း ကျောင်းသားအုပ်စု နှင့် မပေါင်းသင်းတတ်ပေ။
ဗုဒ္ဓဟူးနေ့နံနက်တွင် ကျန်းရှို့ချန် သည် ကျန်းဟယ်လင်း မခေါ်ရဘဲ သူ့ဘာသာသူ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာလေ၏။ထို့နောက် သူက ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ကျန်းယန်ရှန့်ကို ကြည့်၍ စိတ်လှုပ်ရှားနေလေ၏။
أنت تقرأ
အကြီးဆုံးသမီး👩
قصص عامةEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...