Part 6
မိသားစု၏ဒေါသကြီးသော သမီးကြီးသည် အံ့အားသင့်စရာကောင်းလောက်အောင် တည်ငြိမ်နေလေသည်။ ထို့နောက် သူမသည် တည်ငြိမ်အေးဆေးသည့်လေသံဖြင့် သမီးအကျီလဲပြီးတာနဲ့ ကျန်းရှို့ချန်က ရေသေနတ်နဲ့ သမီးကိုပက်သွားတဲ့အတွက် သမီးအကျီပြန်လဲခဲ့ရတယ် အဲ့ဒါကြောင့် အချိန်ကုန်သွားတာပါ
တည်ငြိမ်ပြီး အေးစက်သည့် မိန်းကလေး၏အပြုအမူက ကျန်းယွမ်ကို အံ့အားသင့်စေသည်။
ကျန်းရှို့ချန်သည် အသက် ၇/၈ နှစ်ရှိပြီဖြစ်၍ ဒီအသက်အရွယ်သည် လူတိုင်းကို စိတ်အနှောက်အယှက်ပေးတတ်လေသည်။ ထိုကဲ့သို့သော အရွုပ္မ်ားက အိမ်တွင် နေ့တိုင်းလိုလိုဖြစ်နေသည်။ အထူးသဖြင့် ယခုလို နွေရာသီအားလပ်ရက် ကလေးများအိမ်မှာရှိနေချိန်တွင်ဖြစ်သည်။ ထိုအရာများသည် ပုံမှန်လိုဖြစ်နေပြီး ကျန်းယန်ရှန့်သည် အမြဲတမ်းအော်ဟစ်နေတတ်သည်။ သို့သော် ဒီနေ့မှာတော့ သူ၏သမီးသည် အံ့အားသင့်စရာကောင်းလောက်အောင်ပင် တည်ငြိမ်နေလေသည်။
ပုံမှန်အချိန်တွေမှာ သူမသာ ဒီလိုမျိုးပြောနေရင် သိပ်ကောင်းမှာပဲ နေတိုင်း အိမ်မှာဆူညံသံတွေ ဘယ္သူက စိတ်ရှုပ်ချင်မှာလဲ
ကျန်းယွမ်က ချက်ချင်းပင် မျက်နှာတည်သွားပြီး ရွို့ရွို့ မင်းအစ်မရဲ့ စကတ္ကို စိုအောင်လုပ်လိုက်တာလား
ကျန်းရှို့ချန်က ချက်ချင်းပင် သားမလုပ္ဘူး
အိမ်ရှိလူတိုင်းသည် သူလိမ်နေသည်ကို သိပြီးဖြစ်သည်။ ရေသေနတ်လေးသည် သူ့လက်ထဲတွင်ရှိနေပြီး လှေကားပေါ်မှ ပြေးဆင်းလာသည်ကို လူတိုင်းတွေ့လိုက်သည်။
ဒုတိယသမီး ကျန်းဟယ်လင်းက သူပဲလေ အခုပဲ အမေ့ကိုပြောပြနေတာ သူက အမကြီးကို ရေနဲ့ပက်ခဲ့တယ်ဆိုပြီး
လျန့်ယင်းယင်းသည် သစ္စာဖောက်သွားသော သူမ ၏ မိုက်မဲသည့်သမီးကို စိတ္ဆိုးသြားကာ ချက်ချင်းပင် သူမလက်မောင်းကိုဆွဲလိုက်ရင်း တိတ်စမ်း နင်စကားမပြောရင် ဘယ္သူကမွ နင့်ကိုတုံးတယ်လို့ထင်မှာမဟုတ်ဘူး
သားအမိနှစ်ယောက် ငြင်းခုန်နေစဉ် ကျန်းယန်ရှန့်၏မျက်လုံးများသည် ကျန်းဟယ်လင်းဆီသို့ ရောက်သွားသည်။
KAMU SEDANG MEMBACA
အကြီးဆုံးသမီး👩
Fiksi UmumEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...