Chapter 129
ဆူပုတ်ပုတ်မျက်နှာထားနှင့်ကျန်းယန်ရှန့်မှာ ကျန်းဟွမ်ပြောပြသည်ကိုနားထောင်နေခဲ့သည်။
ပြောနေစရာကိုမလိုပါ၊ ကျန်းရှို့ချန်ကျောင်းတွင်ပြသနာထပ်ရှာခြင်းဖြစ်သည်။ ကျန်းဟွမ်လည်း သူအတန်းပိုင်ထံမှ မိဘခေါ်ယူခြင်းခံရလေသည်။
ကျန်းဟွမ်မှာ မိန်းမဖြစ်သူကိုအစားသွားစေလိုသော်လည်း ဆရာဖြစ်သူမှာပြတ်သားလှသော လေသံဖြင့်
"ကျွန်မဘာလို့လူကြီးမင်းကိုခေါ်ဖို့ဆုံးဖြတ်ရတာလဲသိလား၊ ဒီနှစ်ကကျွန်မကျန်းရှို့ချန်ရဲ့ အတန်းပိုင်ဖြစ်တာ ဒုတိယမြောက်နှစ်ပဲ၊ မနှစ်က ကျွန်မ မဒမ်နဲ့အကြိမ်ပေါင်းများစွာဆွေးနွေးရပြီးပြီ၊ သူမကကျွန်မတို့ဆရာတွေရဲ့လုပ်ထုံးလုပ်နည်းတွေကိုအတော်လေးလက်မခံလို့ ပိုပြီးခက်ခဲရတယ်၊ သူမလုပ်ပုံကြောင့်ပဲ ကျန်းရှို့ချန်ကပိုပိုဆိုးလာတာ၊ဒါကြောင့် ဒီနေ့တော့ ကျွန်မ ရှင်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့လိုအပ်တယ်၊ လူကြီးမင်းအလုပ်များတာကိုနားလည်ပါတယ်၊ ဒါပေမယ့် စိတ်ရင်းနဲ့အချိန်ပေးပြီး ရောက်လာဖို့မျှော်လင့်ပါတယ်"
အတန်းပိုင်မှာ လျန်ယင်းယင်းနှင့် ကျန်းရှို့ချန်တို့ကြောင့်မည်မျှစိတ်တိုခဲ့ရသလဲပြောတောင်မပြနိုင်ချေ။ သူမလေသံကမူလွန်စွာမာကြောလျက်ပင်။
ကျန်းဟွမ်မှာ စိတ်ညစ်ညစ်နှင့် လာရန်သဘောတူလိုက်ရတော့သည်။ဖုန်းချပြီးသည်နှင့် ကျန်းရှို့ချန်၏ဥာဏ်များပုံကိုတွေးမိလျှင် ခေါင်းများပင်ကိုက်လာမိသည်၊ သူ၏ရင်ထဲမှ သူကိုယ်တိုင်ရောက်သွားလျှင်ပင် ကျန်းရှို့ချန်၏ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း သိနေခဲ့သည်။ထိုကလေးမှာမြေလှိမ့်၍သာ ငိုနေမည်ဖြစ်ကာ မိမိမှာ မျက်နှာပျက်ရချေမည်။
သို့နှင့်သူက ဒရိုင်ဘာကိုလည်းမကြည်၊ ကလေးကိုသွန်သင်ဆုံးမရန်မတတ်သော လျန်ယင်းယင်းကိုလည်းမကြည်တော့ချေ။
ဒရိုက်ဘာကပြုံးလိုက်ကာ "ကျွန်တော်ကြားတာတော့ အခု ယန်သခင်မလေးက ရှို့ရှို့ကို ကောင်းကောင်းထိန်းကျောင်းနိုင်တယ်တဲ့၊ ရှောင်ကျိုးပြောတာ ရှို့ရှို့ကိုကျောင်းပို့ရတဲ့အခါတိုင်း ဟယ့်ဟယ့်က ရှိူ့ရှို့ဂျီကျနေရင် ယန်ယန်နာမည်သုံးပြီးခြောက်လိုက်တယ်ပြောတယ်၊ သူကစိတ်တိုနေရင်တောင် နားမထောင်ပဲမနေရဲဘူးတဲ့"
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...