Part 53
"တစ္ခုခု လိုချင်ရင် အေဖ့ကို ပြောနော်...
ကျန်းယန်ရှန့် တစ္စုံတစ္ခုကို သတိရသြား၍ အမြန်ပြောလိုက်သည်။
"ဟယ်ဟယ့် မွေးနေ့ ရောက်တော့မယ်..."
"အိုး...ဟုတ္သားပဲ...သြဂုတ်လ ဘယ်နေ့ပါလိမ့်...."
၂ ရက်နေ့...သူမက အပန်းဖြေဥယျာဉ်ကို သွားချင်တာ...ပြီးတော့ အဖေ့ကိုပါလိုက်စေချင်တယ်..."
သမီးငယ်လေးက သူ့အပေါ် ချစ်ခင်နေ၍ ကျန်းဟွမ် ပီတိဖြစ်သွားသည်။
ကျန်းဟွမ် က ပြုံးလိုက်ပြီး ကျေနပ်စွာပြောသည်။
"ကောင်းပြီ....အေဖ့ရဲ့ အလုပ်ကိစ္စတွေကို ရွှေ့ပစ်ဖို့ အတွင်းရေးမှူးကို ပြောလိုက်မယ်....သမီးရော လိုက်မှာလား..."
ကျန်းဟယ်လင်း ကိုလိုက္ပို့ပါက ကျန်းရှို့ချန် ပါလိုက်မည်ဖြစ်သည်။
ထိုအချိန်တွင် ရှေ့ကလျှောက်နေသောကျန်းဟယ်လင်း က အားခနဲ နာကျင်စွာ အော်ဟစ်လိုက်၍ သားအဖ နှစ်ယောက်စလုံး ကြည့်လိုက်သောအခါ ကျန်းဟယ်လင်း သည် သူမ၏ လက်မောင်းများကို ပွတ်သပ်နေပြီး လျန့်ယင်းယင်း က သူမေဘးမွ လျှောက်နေ၏။
အကြောင်းတစ်ခုခုကြောင့် ကျန်းဟယ်လင်း ကို လိမ်ဆွဲလိုက်ခြင်း ဖြစ်ရမည်။ ကျန်းဟွမ် နှင့် ကျန်းယန်ရှန့် တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျန်းယန်ရှန့် က အေးစက်စွာ ပြောလိုက်သည်။
"အေဖ့ရဲ့ မိန်းမ လိုက်မယ်ဆိုရင် သမီးမလိုက်ချင်ဘူး..."
သူမသည် ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
"ဒါဆို ဟယ်ဟယ် နဲ့ ရွို့ရွို့တို့ပဲ ခေါ်မယ်လေ... ဘာပဲဖြစ်ဖြစ် သူတို့အေမက မနက်ခင်း စောစောမထနိုင်လို့ မလိုက်နိုင်ပါဘူး...
"အေဖပဲ ကြည့်လုပ်လိုက်ပါ..."
ကျန်းဟွမ် က ပြုံးကာ သဘောတူလိုက်သည်။ ယခု ကျန်းယန်ရှန့် အတွက် တစ္ခုခု ဝယ်ပေးချင်သော်လည်း သမီးဖြစ်သူက မလိုချင် ဟု ပြောသဖြင့် အခက်တွေ့နေရပြီး သူ့စိတ်ထဲတွင်ဖခင်၏ အခ်စ္ကို ထုတ်မပြနိုင်ဟု ခံစားလိုက်ရသည်။
أنت تقرأ
အကြီးဆုံးသမီး👩
قصص عامةEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...