အကြီးဆုံးသမီး

2K 152 0
                                    

Part 57

တနင်္လာနေ့...

ကျန်းဟွမ် ထမင်းစားခန်းထဲတွင် မနက်စာစားနေစဉ် နောက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်သည်။

မနက်ခင်း ပန်းပွင့်နှင့်တူပြီး အဝတ်ဆင်တူ ဝတ်ထားသည့် သူ၏ သမီးနှစ်ယောက်သည် ထမင်းစားခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာနေကြသည်။

ဤတနင်္လာနေ့ မနက်ခင်းသည် အမှန်တကယ် က်က္သေရ ရှိနေလေ၏။

"သမီးတို့ စောစော နိုးနေတာလား...."

ကျန်းဟွမ် က ပြုံးပြီး မေးလိုက်သည်။

"တစ်နေ့တာအတွက် အလုပ်ချိန်နဲ့ အနားယူချိန်ကို သေချာ သတ်မှတ်ထားသင့်တယ်လေ....ပြီးတော့ မနက်အစောကြီးထတာက ဦးနှောက်ကို ရွှင်လန်းစေတယ်..."

ကျန်းယန်ရှန့် က ပြောလိုက်သည်။

"ခါးကို မတ်မတ်ထိုင်..."

ကျန်းဟယ်လင်း သည် ရှင်မီး အင်္ကျီအသစ်ကို ၀တ်ထားပြီး အနည်းငယ်အဆင်မပြေသောကြောင့် ရင်သားကိုထိန်းထားသဖြင့် ခါးကုန်းနေလေသည်။

ကျန်းဟွမ် သည် ညီအစ်မနှစ်ယောက်၏ ရင်းနှီးသော မြင်ကွင်းကို ကြည့်ပြီး ကြည်နူးနေပြီး ကျန်းဟယ်လင်း ကို ကြင်နာစွာ မေးလိုက်သည်။

"သမီးရဲ့လက်မောင်းက ဒဏ်ရာက အဆင်ပြေရဲ့လား... အေဖ့ကို ပြပါဦး..."

ကျန်းဟယ်လင်း သည် သူမကို ပြောနေမှန်း မသိသောကြောင့် ကျန်းယန်ရှန့် က သူမ လက္ကိုဆြဲယူကာ ကျန်းဟွမ် ကိုပြလိုက်သည်။

ကျန်းဟယ်လင်း ၏ ဖြူနုသော လက်မောင်းပေါ်တွင် ခရမ်းရင့်ရောင် အမှတ်အသားတစ်ခုကို ကျန်းဟွမ် တွေ့လိုက်ရသည်။

မနေ့ညက သမီးရဲ့ အေမကို အေဖ ဆူလိုက်တယ်...နောက်ဆို သမီးကို ထပ်ပြီး လိမ်ဆွဲရင် အေဖ့ကို လာပြောနော်..."

သူတို့ ပြောနေကြစဉ် လျန့်ကျန်း က 'မင်္ဂလာနံနက်ခင်းပါ' ဟု နှုတ်ဆက်ကာ ဝင်ထိုင်လိုက်သည်။သူသည် သားရေ ရှူးဖိနပ်နှင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပိုလိုရှပ်အင်္ကျီသာ ဝတ်ဆင်ထားသော ကျန်းဟွမ် ထက်ပင် သူဌေးနှင့် ပိုတူနေတော့သည်။

အကြီးဆုံးသမီး👩Where stories live. Discover now