Part 19
လျန့်ယင်းယင်းနှင့် ကျန်းဟွမ်အိမ်ပြန်ရောက်လာသည်။
လျန့်ယင်းယင်းသည် အန္တီဝမ္ဆီမွ ဖုန်းလက်ခံရပြီးသည်နှင့်တပြိုင်နက် ကျန်းဟွမ်အား ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အန်တီဝမ်သည် သူမဆီသို့ဆက်ပြီးနောက် ကျန်းဟွမ်ကိုဖုန်းထပ်ဆက်နေသည့်အတွက် သူမ ဆက်သည့်အချိန်တွင် ဖုန်းမအားတော့ပေ။
အန္တီဝမ္ဆီမွ ဖုန်းလက်ခံရပြီးနောက် ကျန်းဟွမ်သည် ချက်ခြင်းကျန်းယန်ရှန့်ကို ဖုန်းခေါ်လိုက်သည်။ ထို့ကြောင့် လျန့်ယင်းယင်း၏ ဖုန်းခေါ်ဆိုမှုသည် လိုင်းမအားသေးပါနှင့်သာ နောက်တစ်ကြိမ် အဆုံးသတ်သွားရသည်။
ထိုအဖြစ်အပျက်မျိုးသည် လူတစ်ယောက်ကို ဒေါသထွက်စေရန်လုံလောက်သည်။
နောက်ဆုံး လျန့်ယင်းယင်း ကျန်းဟွမ်နှင့် ဖုန်းအဆက်အသွယ်ရသွားချိန်တွင် သူမ၏အသံမွာ ကျန်းဟွမ်နားထဲသို့ စူးရှစွာဖြင့်ဝင်ရောက်သွားတော့သည်။
ထို့ကြောင့် ကျန်းဟွမ်က ဒေါသထွက်စွာဖြင့် မာန်မဲလိုက်သည်။
ဘာလို့ဖုန်းခေါ်နေတာလဲ ယန်ယန်က ရှို့ရှို့ကိုရိုက်တဲ့ကိစ္စလား အဲ့ဒါဆို ငါသိပြီးပြီး အားလုံးအဆင်ပြေတယ်
လျန့်ယင်းယင်း က စိတ်မထိန်းနိုင်စွာဖြင့် ငိုရင်းပြောလိုက်သည်။
ရှင်က တကယ်အဆင်ပြေတယ်လို့ပြောနိုင်သေးတာလား. ရွို့ရွို့က မွေးကတည်းက ဘယ်တုန်းကမှ အရိုက်ခံခဲ့ဖူးတာမဟုတ်ဘူး ရှင့်သမီးက အသက် ၁၅ နှစ်ရှိနေပြီ ရွို့ရွို့ အသက္က ဘယ်လောက်ရှိသေးလို့လဲ တကယ္လို့ သူမသာ ရှို့ရှို့ကိုဆိုးဆိုးရွားရွားဖြစ်အောင်လုပ်လိုက်ရင် ဘယ္လိုလုပ္မလဲ သူက ရှင့်သားနော်
ကျန်းဟွမ် သူ အဲ့လောက်ဆိုးဆိုးရွားရွား အရိုက်ခံရမှာမဟုတ်ဘူး ငါ ယန်ယန်နဲ့ ဖုန်းပြောပြီးပြီ စိတ်မပူနဲံ ယန်ယန်က သတ်မှတ်ချက်ကိုသိတယ်
ယခု အသက် ၁၅ နှစ်ရှိသော ကျန်းယန်ရှန့်သည် ဆံပင်ကို ဆေးမဆိုးထားသလို့ တက္တူးမ်ားမရွိ၊ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းမရှိသေးပေ။ သူမသည် လျန့်ယင်းယင်းနှင့် ငါးရက်တစ်ကြိမ်အကြီးအကျယ်ရန်ဖြစ်တတ်သလို သုံးရက်တစ်ကြိမ်ခန့် ရန်ပွဲအသေးလေးတစ်ချို့ဖြစ်နေသော်လည်း တိုက်ကွမ်ဒိုနှင့် အသတ်အပုတ်များလေ့ကျင့်ထားသည့် သူတစ်ယောက်ဖြစ်သည့်အတွက် သူမမုန်းသည့်သူတစ်ယောက်အပေါ်တွင် ပြင်းထန်သည့်ရိုက်နှက်ခြင်းများပင် မလုပ်ခဲ့ပေ။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...