Part 9
လျန့်ယင်းယင်း၏ ကျန်းရှို့ချန်အပေါ် သေးငယ်သည့် လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောကြောင့် ကျန်းယန်ရှန့် အဖွားသည် အတော်လေး စိတ်မသက်မသာဖြစ်သွားသည်။
ထို သမီးယောင်းမ အဖွားကြီးနှစ်ယောက်လုံးသည် သန်မာသောကိုယ်ရည်ကိုယ်သွေးရှိကြသူများဖြစ်ပြီး စီးပွားရေးကို ဦးဆောင်နိုင်ကြသူများဖြစ်သည်။ သူမသည် လက်ထပ်ပြီးသည့်နောက် ပြိုင်ဆိုင်မှုပြင်းထန်သောမိသားစုစီးပွားရေးတွင် ပါဝင်ခဲ့ရပြီး ကောင်းမွန်သည့် ကျောထောက်နောက်ခံရှိသည်။ ပြောရလျင် အဖွားသည် ခင်ပွန်းဖြစ်သူကိုထောက်ပံ့ပြီး ကလေးများကိုကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် တဘဝလုံးမြင့်မြတ်သည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
အဖွားကြီးနှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေခဲ့သော်လည်း အသက်ရွယ်ကြီးပြင်းလာပြီဖြစ်၍ အရင်ကထက် ဆက်ဆံရေးပိုကောင်းလာသည်။
သူမ အဖွားသည် အပြောဆိုးသော်လည်း ဘဝတစ်လျောက်လုံး အသက်မွေးဝမ်းကြောင်းအပေါ် အားထုတ်နေရသည့်အတွက် သားသမီးများအပေါ် လျစ်လျူရှုခဲ့သည့် ယောင်းမဖြစ်သူ(အဖွားလေး) ကို ဝေဖန်လေ့ရှိသည်။ ထို့ကြောင့် သူမအဖွားဖြစ်သူ သည်းမခံနိုင်ဆုံးအရာမှာ သူမ၏ပြိုင်ဖက် သမီးယောင်းမဖြစ်သူအရှေ့တွင် မြေးများကြောင့် အရှက်ရခြင်းပင်ဖြစ်သည်။
ကျန်းရှို့ချန်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းကြီးပြင်းလာသော်လည်း အခြေခံအပြုအမူများ မကောင်းပေ။ အတိုချုပ်ပြောရလျင် ထိုကလေးသည် သူ၏အဖွားဖြစ်သူကို မျက်နှာရအောင် မလုပ်တတ်ချေ။ ထို့ကြောင့် သူမ၏ ထိုကလေးအပေါ် ဆက်ဆံရေးသည် သာမန်မျှသာဖြစ်သည်။
အဖွားဖြစ်သူမှ သွားကစားခိုင်းသော်လည်း ကျန်းယန်ရှန့်သည် ကျန်ဟယ်လင်းအား ငါဒီမွာ အဖွားတွေနဲ့နေခဲ့မယ်
အဖွားကြီးများသည် သွက်သွက်လက်လက် ကလေးများနှင်း စကားပြောရသည်ကို ကြိုက်နှစ်သက်ကြသည်။ သို့သော် ကလေးများသည် ထိုလူကြီးများနှင့်စကားပြောရန် စိတ်မရှည်ကြပေ။ အဖွား၏သားအရင်း ကျန်းဟွမ်ပင်လျင် သူမနှင့်အချိန်အတော်ကြာ မပြောချင်ပေ။
ČTEŠ
အကြီးဆုံးသမီး👩
BeletrieEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...