Part 23
ကျန်းဟွမ် ထိုကိစ္စကို ဖုံးပစ်ရန် ပိုက္ဆံ အမြောက်အမြား သုံးခဲ့ရသည်။
ထိုအချိန်တွင် သူသည် အသက် ၅၀ ကျော်သွားခဲ့ပြီဖြစ်သည်။သူ့စိတ်နှင့် ကိုယ်ခန္ဓာ ကျန်းမာရေးဆုတ်ယုတ်လာခဲ့သည်မှာ ယခုလက်ရှိ သူ၏ပုံစံနှင့် လုံးဝ ကွဲပြားနေခဲ့သည်။သို့သော်လည်း သူ့တွင် အမွေဆက်ခံသူ ရှိမလာခဲ့ပေ။
သားသမီး သုံးယောက်ထဲတွင် အကြီးဆုံးသမီးသည် ဆိုဆုံးမရန် ခက်ခဲပြီး အပြင်တွင်သာ ပျော်ပါးနေခဲ့သည်။သမီးအလတ်က အရမ်းသီးသန့်ဆန်ဆန်နေလွန်းကာ အရည်အချင်း နည်းနည်းမှ ရှိမနေသောကြောင့် လူကြီးများရှေ့တွင် တောင့်မခံနိုင်ပေ။
အငယ်ဆုံးသားဖြစ်သူမှာတော့ ဆန်ကုန်မြေလေး လူရမ်းကားအဖြစ်သာ ကြီးပြင်းလာခဲ့သည်။ထိုအချိန်တွင် သူ့သား တကယ္ကို ပျက်စီးနေခဲ့ကြောင်း ကျန်းဟွမ် ဝန်ခံတော့သည်။
သူ၏ နားသယ်မွေးတွင် ဆံပင်ဖြူ အများအပြားရှိနေပြီး ယခုလက်ရှိထက် အရမ်းအသက်ကြီးသည့် ပုံပေါက်နေခဲ့သည်။ကျန်းယန်ရှန့်၏ ဦးလေးနှင့် ပြိုင်ဆိုင်လိုစိတ် သူ့တွင် ရှိနေသေးသည်။သို့သော် ထိုအချိန်တွင် သူလုံးဝ အရှုံးပေးလုနီးပါးပင် ဖြစ်သည်။
မိသားစုမွ ကလေးသုံးယောက်လုံးသည် ကျန်းယန့်ရှန့် ဝမ်းကွဲနှင့် မည်သူမျှ ပြိုင်ဘက် ဖြစ်မလာခဲ့ပေ။အဘွားကျန်း၏ မျက်လုံးထဲရောက်အောင် ဘယ္ကေလးမွ မလုပ်နိုင်ခဲ့သဖြင့် သူမ၏ အာရုံစိုက်မှုကို ရရွိဖို့ ကျရှုံးခဲ့ကြသည်။
အကယ်၍ ထိုအချိန်မှ ကျန်းဟွမ်သာ အခုလက်ရှိအချိန်သို့ ပြန်လည်မွေးဖွားလာပြီး ပြန်ရောက်နိုင်ခဲ့လျှင် သူ နောင်တရနိုင်စွာဖြင့် ကျန်းရှို့ချန်ကို စည်းကပ်တင်းကြပ်ရန် စဉ်းစားပါ့မလားဟု သူမ တွေးမိသည်။
မည်သို့ပင်ဖြစ်စေ ကျန်းဟွမ်တွင် ထိုအတွေးမျိုးရှိလာမည် မဟုတ်ပေ။ကလေးတွေနှင့် ပတ်သက်သမျှကို သူ့အမျိုးသမီးနှင့်သာ လွှဲထားမည် ဖြစ်ကာ သူနှင့် အတူရှိနေသော အမျိုးသမီးမှာလည်း ကလေးတွေကို မည်သို့ ကောင်းမွန်စွာ ကြီးပြင်းလာရန် ပျိုးထောင်ရမည်ကို မသိရွိပဲသာ ဖြစ်နေလိမ့်မယ်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...