Part 7
ကျန်းဟွမ်၏ ခံစားချက်များကို ကျန်းယန်ရှန့် နားလည်နိုင်သည်။ ထိုမိန်းကလေးသည် ကျန်းအိမ်သို့ ဝင်လာကတည်းက သူမနှင့်တကယ့်ညီအစ်မဖြစ်ချင်ခဲ့သည်။ သူမသည် အျမဲလိုလို ကျန်းယန်ရှန့် အနားသို့ကပ်နိုင်ရန် ကြိုးစားလေ့ရှိသော်လည်း ကျန်းယန်ရှန့်ဘက်မှ သူမကို ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏ ခံစားချက်များကို နားမလည်ခဲ့ပေ။
သို့သော် ဒီနေ့မှာတော့ ကျန်းယန်ရှန့်သည် လျန့်ယင်းယင်းကိုနှိပ်ကွပ်ခဲ့သော်လည်း ကျန်းဟွမ်မှာ အနည်းငယ်ပျော်နေပုံရသည်။
အတိတ်တုန်းကဆိုလျင် သူမ လျန့်ယင်းယင်းနှင့် စကားများလိုက်သည်တပြိုင်နက် ကျန်းဟွမ်မှ ကူကယ်ရာမဲ့စွာဖြင့် အမြဲတမ်း လျန့်ယင်းယင်းဘက်မှ ရပ်တည်လေ့ရှိသည်။
အန်တီလော ကပင်လျင် အဲ့လောက် ဒေါသမထွက်နဲ့လေ ဒါက ကိစ္စသေးသေးလေးကို သမီးအေဖက သမီးအတွက်စိတ်မကောင်းဖြစ်နေမှာပေါ့ ဒါပေမယ့် သမီးက သူ့ကိုအခုလိုမျိုး အမြဲတမ်းအော်ဟစ်နေမယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ အခုကြည့်စမ်း သမီးအေဖက သူ့မိန်းမဘက်ကနေပြောပေးနေပြီမဟုတ်လား
သို့သော် ထိုအချိန်တုန်းက ကျန်းယန်ရှန့်သည် သူမစကားကို နားမထောင်ဘဲ ဒေါသတကြီးဖြင့် ဘာလို့ သမီးကစိတ်မဆိုးရမှာလဲ သူက သမီးအမေအတွက်တောင် ငဲ့ကြည့်ပေးတာမဟုတ်ဘူး
မကောင်းတဲ့ကောင်မက ခွေးနဲ့ပဲထိုက်တန်တယ် မဟုတ္ဘူးလား
အန်တီလော သက်ပြင်းသာချနိုင်တော့သည်။
ကျန်းဟွမ် ၏ နားမလည်နိုင်သော ခံစားချက်များကို ဘေးဖယ်ထားလိုက်ချိန်တွင် ကျန်းယန်ရှန့်မှာ လျန့်ယင်းယင်းအပေါ် ပို၍ပင်အာရုံစိုက်နိုင်လာသည်။
ဒီနေ့တွင် မိသားစု ၅ ယောက်လုံး အပြင်ထွက်မည်ဖြစ်သောကြောင့် ကားသမားကိုမောင်းခိုင်းမည့်အစား ကျန်းဟွမ်ကိုယ်တိုင် ကားမောင်းလိုက်သည်။ လျန့်ယင်းယင်းသည် ကျန်းဟွမ်ဘေးရှိ ထိုင်ခုံတွင်ထိုင်နေပြီး ကျန်းယန်ရှန့်မှာ ကားမောင်းသူထိုင်ခုံ၏နောက်ဘက်တွင် ထိုင်ရသည်။ ကောင်စုတ်လေး ကျန်းရှို့ချန်သည် လျန့်ယင်းယင်းထိုင်ခုံ၏နောက်တွင်ထိုင်နေပြီး ကျန်းဟယ်လင်းသည် အလယ်တွင် ဆန်းဝှစ်ကဲ့သို့ ကြားညှပ်ပါလာသည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...