Part 21
ကျန်းယန်ရှန့်တွင် မူလက နက်နဲသော မျက်နှာ အသွင်အပြင်ရှိပြီး သေသပ်သည့် မျက်ခုံးများနှင့် ကြည်လင်တောက်ပသော မျက်လုံးများရှိသည်။သို့သော်လည်း ငယ်ရွယ်မှုကြောင့် သူမ၏ အသားအရေသည် အခွံခွာထားသည့် ကြက်ဥပြုတ်သဖွယ် ဖြူဖွေးနေသည်။သူမရဲ့ ခန္ဓာကိုယ်မှာလည်း သေးသွယ်ကာ သူမရဲ့ အသွင်အပြင်ကို အားနည်သည်ဟု ထင်ရစေသည်။
သို့သော် ယခုအခါ မ်က္ခုံးမ်ားဟာ ရန်လိုမှုကြောင့် တွန့်ချိုးနေပြီး သူမဆီမွ ငြင်သာ သိမ်မွေ့သည့် အငွေ့အသက်မှာ ပျောက်ကွယ်သွားသည်။ သူမ၏ ပြတ်သားကြည်လင်မှုမှာ ရက်စက်ကြမ်းကြုတ်နေလေသည်။ အိမ်တွင် ရှိနေသည့် လူမ်ားအားလုံး အံ့သြထိတ်လန့် သွားခဲ့သည်။ ရှေ့ထွက်ပြောရန် သတ္တိ လူတိုင်းတွင် ပျောက်ကွယ်ကုန်သည်။
သို့သော်လည်း လျန့်ယင်းယင်းမှာ မျက်စိများပြာလာပြီး သေတော့မလို ခံစားရရင်း သူ့လျှာမှာလည်း ကပ်နေတော့သည်။ ကျန်းယန်ရှန့် ပုံစံက အရမ်း ကြောက်ဖို့ ကောင်းလွန်းသည်။ အိမ်ထောင်ဦးစီး တစ်ယောက် အနေဖြင့် နောက်ဆုံးတွင် ကျန်းဟွမ် ပါးစပ်ဖွင့်လာတာ အော်လိုက်သည်။
ယန်ယန် ယန်ယန်. အရင် လွှတ်လိုက်တော့
ကျန်းယန်ရှန့်လည်း လျန့်ယင်းယင်း၏ သေတော့မလို ပုံစံကို မြင်လိုက်သည်။ထို့ကြောင့် သူမလက္ကို ပြန်ရုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
သူမ၏ ဒေါသဟာ ပျောက်ကွယ်သွားပြီး ငြိမ်သက်သည့်ပုံစံ ပြန်ရောက်လာလေသည်။ သူမ ထိုနေရာတွင် ရပ်နေကာ အေးစက်စက်ကြည့်နေလိုက်သည်မှာ ခုနက ဆူဆူညံညံ လုပ်ခဲ့သူ မဟုတ်သလိုပင်။ သို့သော်လည်း မကြာခင်က သူမ၏စိတ္ဖိစီးမွု အမ်ားအျပားမွာ အနည်းငယ် ပိုအဆင်ပြေလာပြီ ဖြစ်သည်။
လျန့်ယင်းယင်း လည်ချောင်းရှင်းလိုက်ပြီး စိတ်အားတက်ကြွစွာအသက်ရှူသွင်းလိုက်သည်။သို့သော်လည်း သူမလေပြွန်ထဲသို့ ဝင်လာသော လေအမြောက်အများကြောင့် သီးသြားကာ ချောင်းဆိုးတော့သည်။
အဟွတ်.. အဟွတ်..အဟွတ်..
ကျန်းရှို့ချန် အတော်လေး ကြောက်လန့်နေခဲ့သည်။ ကျန်းဟွမ် နှင့် ကျန်းဟယ်လင်းတို့က လျန့်ယင်းယင်း မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ သူမ ဒေါက်ဖိနပ်ကြောင့် ခြေချော်ကာ ဆံပင်များရှုပ်ပွနေသည်မှာ သူမကို အရှက်ကွဲစေသည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...