Chapter 134
ကျန်းယန်ရှန်က ဒီလိုအလှည့်အပြောင်းမျိုးကို ဒီဘဝမှာ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ လူတိုင်း၏ ဘဝလမ်းကြောင်းက အနည်းနှင့်အများတော့ ပုံစံကွဲသွားကြသည်။ ကြည့်ရတာ ဝမ့်ချမ်ဖြစ်ရပ်၏ တိုက်ရိုက်အမှုက ရှုလီချန်အပါအဝင် အုပ်စုငယ်လေးများ၏ ဖယ်ကျဉ်းထားမှုကြောင့်ဟု ထင်ရသည့်တိုင် သေချာမြင်တတ်လျှင်တော့ ဒါတွေဖြစ်ရသည့်မူရင်းအကြောင်းအရင်းမှာ ပြောင်းလဲသွားသော ကျန်းယန်ရှန့်ကြောင့်ဆိုတာ တွေ့ရလိမ့်မည်။
ကျန်းယန်ရှန့် အရင်နှင့်မတူတော့တာက သူ့ဘေးနားကလူတွေကို အနည်းငယ်ဖြစ်စေ ကြီးကြီးမားမားဖြစ်စေ သက်ရောက်စေခဲ့၏။
ရှုလီချန်က ကျန်းယန်ရှန့်၏မျက်နှာအမူအရာကို မဖတ်နိုင်သော်လည်း ဝမ့်ချမ်ကိစ္စကြောင့် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားတာတော့ သိသည်။ သူမက ဘာအတွက် ထိတ်လန့်ရတာလဲ။ သူမကိုယ်သူမ ဘယ်သူဆိုတာသိလာအောင် သင်ပေးခဲ့တာက ဝမ့်ချမ်မှ မဟုတ်တာလေ။
“ ဟေ့! ” ရှုလီချန်က ခေါ်လိုက်သည်။
“ မင်း ဝမ့်ချမ်နဲ့ မခွဲချင်ဖြစ်နေတာလား ” သူက အပြုံးတစ်ခုဖြင့်မေး၏။
ထိုအခါမှ ကျန်းယန်ရှန့်က အသိစိတ်ပြန်ကပ်လာကာ နောက်ပြောင်ကျီစယ်ခံနေရတာကို မသိသလိုနေလိုက်ပြီး သူ့ကို တဲ့တိုးဘဲမေးလိုက်သည်။
“ ပထမတစ်ခုက ဘာလဲဆိုတာဘဲပြောရသေးတာနော် ဒုတိယတစ်ခုကရော ”
အမှန်တကယ်တော့ သူမ အရေးလုပ်ပြီးမေးနေစရာမလိုပေ။ ဒါပေမယ့် သူမ မေးလိုက်တော့ ရှုလီချန်က ပြောချင်လွန်းလို့ သူ့အမြီးလေး မိုးပေါ်ထောင်တက်သွားသလိုပင်။
သူက အောင်နိုင်သူကြီးတစ်ယောက်လို ပြုံးလိုက်ပြီး စာရွက်လိပ်တစ်ခုကိုထုတ်ကာ ကျန်းယန်ရှန့်လက်ထဲကို ထည့်ပေးလိုက်သည်။
“ ဖွင့်ကြည့်လိုက် ”
အဲ့တာက ဘာသာရပ်ရမှတ်တွေ၏ မိတ္တူဖြစ်ပြီး ရှုလီချန်၏ ရမှတ်တွေကို အသားပေးဖော်ပြထားသည့် စာရွက်တစ်ရွက်ဖြစ်သည်။
VOUS LISEZ
အကြီးဆုံးသမီး👩
Fiction généraleEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...