အကြီးဆုံးသမီး👩

1.7K 123 2
                                    

Chapter 161

အိမ်ပြန်လမ်းတွင် ကျန်းဟွမ်တစ်ယောက် ကားမောင်းရင်း သီချင်းလေးညည်းနေလေသည်။

လျန့်ယင်းယင်း သူဘာကြောင့်ပျော်နေသည်ကိုနားမလည်နိုင်ဖြစ်နေသည်။ သူမက လုံးဝမပျော်ပေ။ ယေက္ခမ ဆီသွားရခြင်းသည် သူမအတွက်က ဘုရားကျောင်းတက်နေရသကဲ့သို့ဖြစ်သည်။

အမေက သူမကိုဘယ်သောအခါမှ တိုက်ရိုက်မကြည့်ပေ။ သူမ၏ မောက်မာသော ယောက်မသည်လည်း သူမကခေါ်ပြောသည့်အခါ သူမအားမကြားချင်ယောင်ဆောင်၍ ပြုံးရုံသာပြုံးပြပြီး လှည့်သွားသည်။

သူမ ထိုအချိန်များတွင် အဆင်ပြေဟန်ဆောင်လေ့ရှိခဲ့သည်။ ထို့ကြောင့် သူမ ကျန်းရှို့ချန်အား မည်သည့်အမှားမှ မလုပ်မိစေရန် တောင်းပန်ထားရပြီး သူမရှိနေခြင်းကို အမေအားသတိထားမိစေချင်သည်။

ဒီအကြောင်းများကိုစဉ်းစားကြည့်လျှင် ကျန်းယန်ရှန့်နှင့်ကျန်းဟယ်လင်းတို့သည် ကျန်းရှို့ချန်၏ အဆင့်ကို ရှက်စရာကောင်းအောင် လုပ်ခဲ့သူနှစ်ယောက်ဖြစ်သည်ကို သတိရမိသည်။ ကျန်းယန်ရှန့် ကို သူမ အခုလုံးဝရန်မစရဲတော့ပေ။  ကျန်းဟယ်လင်းကဖြင့် သူမကိုယ်တိုင်မွေးထားခြင်းဖြစ်၍ သူမဆူချင်လျှင်ဆူလို့ရသည်။

" နင် နောင်ကိုစကားပြောမဆင်ခြင်ဘူးဆိုရင် နင့်အဖွားနားယောင်လို့တောင်မကပ်မိစေနဲ့….."

လျန့်ယင်းယင်း သူမသမီးဘက်သို့လှည့်ကာပြောလိုက်သည်။

သို့သော် လျန့်ယင်းယင်း နောက်ထပ်စကားမပြောခင်မှာပင် ကျန်းဟွမ် လက်တစ်ဖက်က ကားစတီယာတိုင်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လျန့်ယင်းယင်းအားလက်ညှိုးထိုးကာပြောလိုက်သည်။ 

"တော်လိုက်တော့...ချက်ချင်းပါးစပ်ပိတ်ထားလိုက်တော့ …..မင်း စကားကို ကောင်းကောင်းမပြောတတ်ဘူးဆိုရင် ကလေးတွေကိုဘာမှမပြောနဲ့…..ဘာလို့ ငါတို့ ဟယ်ဟယ်လေးကို ဒီလိုပြောရတာလဲ ဟမ်… ဘာလို့လဲ….."

" ငါတို့ဟယ်ဟယ်လေးက ဘယ်လောက်တောင် ချစ်စရာကောင်းပြီး စကားတတ်လိုက်သလဲ … သူမအဖွားကလည်း သူမကိုချစ်တယ်… မင်းကဘာလို့ တခြားသူတွေကို သူမအနားမကပ်ခိုင်းရတာလဲ ဟမ်….."

အကြီးဆုံးသမီး👩Onde histórias criam vida. Descubra agora