Chapter 176
ကျန်းယန်ရှန့်က တစ်စုံတစ်ယောက်နှင့် တွေ့ခဲ့သည်ဆို၍ အဖွားကျန်း အံ့အားသင့်သွားရပြီး မေးလိုက်သည်ယ
“သူမက ဘယ်သူလဲ... အသက်ဘယ်လောက်ရှိပြီလဲ...ဘာလုပ်တာလဲ..."
ကျန်းယန်ရှန့် က မိုလင်း၏ လိပ်စာကဒ်ပြားကို ထုတ်ပေးလိုက်ရာ အဘွား ကျန်း က စာဖတ်မျက်မှန်ကို တပ်လိုက်ပြီး ဖတ်ကြည့်လိုက်သည်။
"ချီဝူ ရင်းနှီးမြှုပ်နှံမှု... ဒါရိုက်တာ မိုလင်း…”
"အဘွားတို့ နေ့လည် ထမင်းစားတုန်းက မျက်မှန်တပ်ထားတဲ့လူနဲ့ အတူထိုင်နေတဲ့ တစ်ယောက်မလား ...."
"ဟုတ်ပါတယ်..."
အဘွား ကျန်း မှာ အံ့သြသွားရပြီး ပြုံး၍ ပြောလိုက်လေသည်။
“သမီးပြောတာ မှန်တယ်...သူကလည်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပဲလေ....”
လိပ်စာကဒ်ကို ကျန်းယန်ရှန့် ထံ ပြန်ပေးလိုက်သည်။
"သမီးရဲ့ ဖုန်းကို ဖွင့်ထားနော်...ညကျ ပြန်လာရင် အဘွားကို ပြန်ပြောပြဦး...."
"ဟုတ်ကဲ့..."
ညနေစာစားပြီးနောက် ကျန်းချီ သည် အဘွား ကျန်း အား အခန်းထဲသို့ လိုက်ပို့လိုက်သည်။ အဘွား ကျန်း က လက်ဖက်ရည်သောက်ပြီး မြေးအကြီးဆုံးကို မေးလိုက်သည်။
“ဒီနေ့ အခြေအနေ တိုးတက်ရဲ့လား...”
“သမီး အများကြီး သင်ယူခဲ့ပါတယ်....ဒီနေ့ နားထောင်ခဲ့တဲ့ ဟောပြောသူတွေရဲ့ မိန့်ခွန်းတွေကလည်း သမီးရဲ့ အတွေးအမြင်တွေကို ဖွင့်ပေးလိုက်သလိုပါပဲ....”
ထို့နောက် သူမက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး… အစဉ်လိုက်မှတ်ထားသော အချက်များကို ပြောပြလိုက်သည်။ သို့သော် ထိုအချက်များမှာ တခြားသူများ ပြောပြီးသာ အကြောင်းအရာများဖြစ်ပြီး သူမက စာရွက်ပေါ် ပြန်ချရေးထားတာပင်။
သူမစကား ဆုံးသောအခါ အဘွားကျန်း က ခေါင်းညိတ်ကာ အနားယူရန် ပြောလိုက်သည်။
ကျန်းချီ က အဘွားဖြစ်သူကို ကျန်းယန်ရှန့် အကြောင်းပြောလိုက်၏။
ESTÁS LEYENDO
အကြီးဆုံးသမီး👩
Ficción GeneralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...