Part 10
အဖွားကြီးနှစ်ယောက်လုံးက မိခင်ဆုံးရှုံးလိုက်ရသည် ကေလးကို သနားစိတ်ဖြင့် ကြည့်လိုက်ကြသည်။
အဖွားလေးက ဒေါသတကြီးဖြင့် အဲ့မိန်းမက အိမ်မှာ သမီးကို ခက်ခဲအောင်လုပ်သေးလား
သူမ အဖွားဖြစ်သူကလည်း စိုက်ကြည့်နေသည်။ အကယ်၍ ကျန်းယန်ရှန့်သာ အိမ်မှာမိထွေးဖြစ်သူ၏ အနိုင်ကျင့်ခံရသည့်အကြောင်းကို တိုင်ပြောလိုက်မည်ဆိုလျင် အဖွားကြီးနှစ်ယောက်လုံးက သူတို့ရှိနေသည့်နေရာအနေအထားမှ ထိုအမျိုးသမီးကို သင်ခန်းစာပေးပေလိမ့်မည်။
သမီး သူ့ကိုမကြောက်ပါဘူး ကျန်းယန်ရှန့် သက်ပြင်းချလိုက်သည်။
သမီးမောင်လေးကပဲ ထိန်းမရသိမ်းမရနဲ့ အတော်လေးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေတာ သမီးသူ့ကို သေသေချာချာ စောင့်ရှောက်မှာပါ
သူမကို မကြောက်ဘူး ဆိုသည့်စကားမှာ ထိုမိန်းမက သူမကို အနိုင်မကျင့်ဘူးဟူ၍ပင် သို့သော် သူမအနေဖြင့် ထိုမိန်းမကို သူမဘာသာ မကိုင်တွယ်နိုင်ဘူးဟူ၍လည်း ဆိုလိုသည်။ ထို့အပြင် မောင်ငယ်လေးအပေါ် သူမ၏ မုန်းတီးမှုကိုလည်း ဖော်ပြပြီးသားဖြစ်သည်။
ကျန်းယန်ရှန့်အဖွားဖြစ်သူက သူမကို သဘောကျစွာဖြင့်ကြည့်နေပြီး သူမခေါင်းကို အသာပွတ်ပေးလိုက်ကာ ဟုတ်ပြီ သမီး မထိန်းနိုင်ရင် အဖွားကိုခေါ်လိုက်
ကျန်းယန်ရှန့်က လေးနက်သည့်အသံဖြင့် စိတ်မပူပါနဲ့..
မကြာခင်မှာပင် အဖွားနှင့် အဖွားလေး နှစ်ယောက်လုံးက သူမကို ဖိတ်ခေါ်လိုက်သည်။ ပြဲမွာ မကြာခင်စတင်တော့မည်ဖြစ်သည်။
ကျန်းယန်ရှန့်က အဖွားနှစ်ယောက်လုံး မတ်တပ်ရပ်လို့ရအောင် ကူညီပေးလိုက်သည်။ သူမ အဖွားလေးက အဖွားဖြစ်သူကို ဂုဏ်ယူစွာဖြင့် ကြည့်စမ်း.. ယန်ယန်က ဘယ်လောက်တောင် သိတတ္လိုက္သလဲဆိုတာ
သူမ အဖြားက အဲ့ဒါကြောင့်ပဲမဟုတ်ဘူး.. ဒီနေ့က နင့်ရဲ့မွေးနေ့လေ
မွေးနေ့ပွဲတွင် ကျန်းယန်ရှန့်သည် အဖွားနှစ်ယောက်အနောက်မှသာ တကောက်ကောက်လိုက်နေသည်။ အဖွားကြီးနှစ်ယောက်လုံးကလည်း လှပသောမြေးမလေး၏ ဂရုစိုက်မှုကို သဘောကျနေကြသည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...