Part 100
လျန့်ယင်းယင်းက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးက သူမကိုပဲ ကိုးကွယ်နေတယ် ဟု တွေးနေတာလား…..
သူများတွေကို ပြောမနေနဲ့…..တကယ်တော့, ကျန်းဟွမ်၏ ဘိုးဘေးဘီဘင်တွေရဲ့ လိုလားချက်တောင်မှ သူမကဲ့သို့ မပြင်းထန်ပါဘူး။
သူမရဲ့အဖွားကကော…..
သူမကိုယ်တိုင်က သန်မာတဲ့အမျိုးသမီး တစ်ယောက်ပါ။သူမသည် ကျန်းယန်ရှန့်ကို သူမ၏ဝမ်းကွဲ ကျန်းလင်း(ေယာကျ်ားေလး)ထက် ပိုနှစ်သက်ခဲ့ပြီး , နောက်ပိုင်းတွင်သူမသည် ကျန်းကျွီကို သူမ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို လမ်းညွှန်ရန် သူမနှင့်အတူ ခေါ်သွားခဲ့သည်။
လျန့်ယင်းယင်းက အဖွားကြီးကျန်းသည် ကျန်းရှို့ချန်ကို ကျန်းဟယ်လင်းထက် ပို၍နှစ်သက်ဖွယ်ကောင်းသည်ဟု မြင်မည် ထင်နေမိသည်။
......
ရက်သပတ် ကုန်ဆုံးပြီးနောက်, ယခု တရားဝင် ကျောင်းဖွင့်ချိန်သို့ ရောက်လာပြီ ဖြစ်သည်။
ကျန်းယန်ရှန့်သည် သူမ၏ ရှည်လျားသော ဆံပင်ရှည်များကို ပွန်နီတေးလ်အဖြစ် ချည်နှောင်ကာ , ကျောင်းဝတ်စုံအသစ်ကို ဝတ်ဆင်ပြီး, ရီ အထက်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သည်။
သူမက အတန်း၂တွင် တက်ရောက်ရမည်ဖြစ်သည်။ အတန်းထဲရှိ အတန်းဖော်များ အားလုံးတွင် ရင်းနှီးသော မျက်နှာများရှိကြသည်။
သူတို့အားလုံးက မိသားစုမှ ငွေကြေးကုန်ကျခံကာ စေလွှတ်ခံရသော ဒုတိယမျိုးဆက် ကလေးများပင်ဖြစ်သည်။
ကျန်းယန်ရှန့် စာသင်ခန်း ပထမနေ့တွင် စာသင်ခန်းထဲသို့ ဝင်ရောက်လာသောအခါ, မျက်လုံးများစွာက သူမကို တစ်ညီတစ်ညွတ်တည်း စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
သူမ တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် သူမကို ချောင်းကြည့်နေကြသော ယောကျာ်းလေးများက အလျင်အမြန် ခေါင်းကိုငုံလိုက်ကြသည် သို့မဟုတ် အကြည့်လွှဲကာ အဝေးကို လှမ်းကြည့်ကြသည်။
ကျန်းယန်ရှန့်၏နှုတ်ခမ်းစွန်းများတွန့်သွားသည်…….ယောကျာ်းများ မိန်းကလေးများပင် ဖြစ်စေ, သူမ၏မျက်လုံးထဲတွင် သူတို့ အားလုံးသည် အလယ်တန်းကျောင်းမှ ထွက်လာသော ကလေးများပင် ဖြစ်သည်။
CZYTASZ
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...