အကြီးဆုံးသမီး

2K 158 0
                                    

Part 54

ဤမြင်ကွင်းကို ကျန်းဟွမ် မြင်လိုက်သောအခါ သူရင်ထဲ နွေးထွေးသွားပြီး ကျန်းဟယ်လင်း ကို ချစ်စနိုးပြောလိုက်သည်။

"အသီးအရွက် မ်ားမ်ားစား...သမီးရဲ့... ဟင်းသီး ဟင်းရွက်စားမှ ပိုကျန်းမာလာမှာ..."

ထို့နောက် သူက ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် အတွက် ဟင်းသီးဟင်းရွက် မ်ား ထည့်ပေးလိုက်သည်။

"စားလို့ကောင်းတယ်..အစားကို ချေး(ဂျီး) မမ်ားရဘူး..."

ထမင်းစားပြီးနောက် ကျန်းယန်ရှန့် သည် အပေါ်ထပ်သို့ မတက်ဘဲ ဧည့်ခန်းငယ်ဆီသို့ သွားပြီး ကျန်းဟယ်လင်း ကလည်း သူမဆီ လျှောက်လာ၏။

ကျန်းဟွမ် ၏ ဖခင်မေတ္တာရုပ်ရှင်သည် မပြီးဆုံးသေးဘဲ 'ဧည့်သည်' အိမ်တွင် ရှိနေသဖြင့် ဖခင်၏ ချစ်ခြင်းမေတ္တာကို ပြသရန် အချိန်ကောင်းလည်း ဖြစ်နေသည်။

ကျန်းဟွမ်က ကျန်းရှို့ချန် ကို ခန်းမငယ်ဆီ ခေါ်သွားပြီး မေးလိုက်သည်။

"သား...စာကြိုးစားရဲ့လား..."

ကျန်းရှို့ချန် က ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာ ဖြေသည်။

"သားက နေ့တိုင်း အိမ်စာတွေ အချိန်မှန် လုပ်တယ်...."

ထို့နောက် သားအဖနှစ်ယောက် အချိန်အတန်ကြာ စကားပြောကြပြီး ကျန်းဟွမ် က အလုပ်လုပ်ရန် ထွက်သွားတော့သည်။

ကျန်းဟယ်လင်း က ကျန်းရှို့ချန် ဆီသြားကာ ပြောလေသည်။

"နင် အိပ်ရာထလာရင် အရင်ကစားတာပါ...ငါ နင့်ကိုစာလုပ်ခိုင်းမှ စာလုပ္တာ..."

"ဒါဆို နောက်နေ့ကစပြီး နေ့လည် မရောက်ခင် အပြီးရေးတော့မယ်..."

" နင် စာမရေးရင် အစ်မအကြီးဆုံးက နင့်ကို ရိုက်လိမ့်မယ်...ဒါကြောင့်နင် စာရေးရမယ်..."

ကျန်းယန်ရှန့် သည် ယခင်ဘဝက ကျန်းဟယ်လင်း ကို မျက်ကွယ်ပြုထားကာ ကျန်းရှို့ချန် နှင့်လည်း အချိန်တိုင်း ရန်ဖြစ်လေ့ရှိပြီး နောက်ပိုင်းတွင် သူတို့ကို ပိုပြီး မုန်းတီးလာသည့်အတွက် အိမ်မှထွက်သွားတော့သည်။

အကြီးဆုံးသမီး👩Où les histoires vivent. Découvrez maintenant