အကြီးဆုံးသမီး👩

1.7K 126 2
                                    

Chapter 147

    ကျန်းယန်ရှန့် ယခုတွင် ထိုကိစ္စများ ဖြစ်ခဲ့သည့် အချိန်ကို ပြန်လည် တွေးတောနေမိသည်၊ ရှုလီချန်၏ အမေသည် မှန်ကန်သော အရာအားလုပ်ခဲ့သည်ဟုသာ ခံစားရလေသည်။

ထိုအချိန်က တရားမ၀င်သားသည် ရှုလီချန်နှင့် အရှုပ်အထွေးများစွာ ဖြစ်နေသည်။ အကယ်၍ ထိုအတိုင်းသာဆက်သွားလျင် ရှုလီချန်၏ ဒေါသအရ

ထိုသူအား သတ်မိပေလိမ့်မည် ။

ရှုလီချန် အမေ၏ ကိုင်တွယ်ဖြေရှင်းပုံက ကြမ်ူတမ်းသော်လည်း မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်သည်။

  သို့သော် ရှုလီချန် ရော သူမကိုယ်တိုင်ကပါ ထိုအချိန်က နားမလည်ခဲ့ပေ။

    ရှုလီချန်နှင့် သူမအမေ၏ ဆက်ဆံရေးသည် အေးစက်လှသည်။ သူမ၏ နှလုံး သားထဲတွင်  ငွေများနှင့်သာပြည့်နှက်နေပြီး သူ၏ အဖေထံမှ ပစ္စည်း ဥစ္စာများအား လုယူရန်သာ အာရုံရှိပြီး သူမ၏ သားအား ဂရုမစိုက်ဟု ခံစားခဲ့ရသည် ။

   သို့သော် ကျန်းယန်ရှန့်သည် ထိုအချိန်က ရှုလီချန် မိခင်၏ အခြေအနေအား တွေးမိသည် ။ သူမ၏ ယောက်ျား သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် ။ အငယ်အနှောင်း ၏သားသည် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည် ။ ရှုလီချန်၏ ဖခင်သည် ကုမ္ပဏီ တွင် အာဏာ ရှိသောသူဖြစ်သည်။ သူသည် ပိုင်ဆိုင်မှုများအား နည်းနည်းချင်းဆီ ပြောင်းရွှေ့ထားရန် စဉ်းစားခဲ့သည် ၊ ထို့ကြောင့်သူ့အား အပြုံးလေးနှင့်သာ အချိုသတ်ထားကာ ချစ်စရာ ဇနီးမောင်နှံအဖြစ် ဟန်ဆောင်နေရုံ သာရှိသည် ။

သူမ မည်မျှ ဖိအား ကို ခံခဲ့ရမည်နည်း။

    သို့သော်လည်း သူမ၏ သွေးသားရင်းဖြစ်သည့် သားဖြစ်သူမှာ စိတ်ပျက်စရာ ကောင်းသည့်အပြင် ဆင်ခြင်တုံတရားမရှိပေ။

.....

    "သူမရဲ့သားကဖြင့် ငါနဲ့အသက်အတူတူပဲ…သူမက အသက် အလတ်ပိုင်းလောက်ပဲ ရှိဦးမယ်…ဟုတ်တယ်မလား…ဒါ ဘယ်လို အချစ်ဝတ္ထု များ ပါလိမ့်…" ရှုလီချန် စိတ်ကုန်သွားသည် ။

    ကျန်းယန်ရှန့် သူမ ပခုံးအား တွန့်ကာ "ရှုမူလင်က နင်ရဲ့ စျေးပေါတဲ့ညီပဲ…သူက သူများတွေရဲ့ ဂန္တဝင် ကလေးပဲ…မူကြိုကျောင်းအောင်ပြိီးထဲက သူ့ကို ယင်းဟွာ အထက်တန်းကျောင်းက ခေါ်ခဲ့တာ…နင် ယင်းဟွာကျောင်းကို သိလား…သူတို့မှာ နှစ်-လေး ကျောင်းစနစ်ရှိတယ် …၂-၄ စနစ်ဆိုတာ ဂျူနီယာ အထက်တန်းကျောင်း နှစ် နှစ် နဲ့ အထက်တန်းကျောင်းမှာ ၄ နှစ် …နင်က ကျောင်းရဲ့ အထက်တန်းကျောင်းကို တန်းသွားလို့ရတယ် …အလယ်တန်းကနေ အထက်တန်းအထိ ဆက်စပ်နေတဲ့သဘောမျိုးပဲ … သူသာ ငါတို့ ရီအထက်တန်းကျောင်း ကို လာမယ်ဆ်ို ထိပ်ဆုံးအတန်းကို တန်းတက်ရမှာပဲ"။

အကြီးဆုံးသမီး👩Where stories live. Discover now