Part 82
လျန်ကျန်းက ကားသော့ ပြန်ပေးဖို့ ထိုအန်တီဆီကနေ လောဆော် ခံလိုက်ရသည်။ ထို "အပြင်လူတွေ"ရှေ့မှာ သူ့မျက်နှာပျက်ရမှာ စိုးတာကြောင့်ပဲ ကားသော့ကို ခါးခါးသီးသီး ကောက်ကိုင်ကာ ထိုအန်တီကို ပေးလိုက်သည်။
ထိုအန်တီက ကားသော့ ရပြီးပြီးချင်း ပြုံးပြကာ ထွက်သွားတော့မည့် ဆဲဆဲမှာပဲ လျန်ကျန်းက ရုတ်တရက် ထိုအန်တီကို အော်မေးလိုက်သည်။
"ကားသော့လာတောင်းခိုင်းတာ ဘယ်သူလဲ..."
သေချာတာပေါ့။ အန်တီကတော့ သူမ ကိုယ်တိုင်ပါလို့ ဘယ်ပြောလိမ့်မလဲ။ သူမ အလုပ်ရှင်ရဲ့ ဆွေမျိုးကို သူမက ဘယ်လိုလုပ် အပြစ်ပြုမိရဲမလဲ။
ကျန်းယန်ရှန့်က ထိုအကြောင်းကို ပြောလာမှတော့ သူမက ကျန်းယန်ရှန့်ရဲ့ နာမည်ကိုပဲ သုံးလိုက်တော့သည်။
"မမလေးယန်ယန်ပါ"
ထပ်ပြီး အဲ့ဒီ ကျန်းယန်ရှန့်ပဲလား! ဒီစိတ်ပူပ်မကတော့..
လျန်ကျန်းက တံခါးကို ဒေါတတကြီး ထုရိုက်လိုက်သည်။
အိမ်အကူအန်တီက စင်္ကြံ တစ်လျှောက် နှုတ်ခမ်းကို တွန့်ကွေးထားရင်း BMWကားသော့ကို ကိုင်ကာ အောက်ထပ်ကို ပျော်ပျော်ရွှင်ရွှင် ဆင်းလာခဲ့သည်။
လျန်ကျန်းကတော့ တစ်ညလုံး ဒေါတတကြီး ဖြစ်နေပြီး နောက်တစ်နေ့ မနက်တွင် ခရီးဆောင်အိတ်ကို အောက်သို့ မချခင် သူ့အဒေါ် လျန်ယင်းယင်း သူ့ကို လာခေါ်မည့်အချိန်ထိ စောင့်နေခဲ့သည်။
ကျန်းဟွမ်က ပြုံးပြလိုက်ပြီး ပြောလိုက်သည်
"မင်းကို ဒရိုင်ဘာက လိုက်ပို့ပေးလိမ့်မယ်"
လျန်ကျန်းက ဆက်ပြီးယဥ်ကျေးမနေချင်တော့တာကြောင့် "ဟုတ်ကဲ့"ဟုသာ ပြောလိုက်သည်။
လျန်ယင်းယင်းက ကလေးနှစ်ယောက်ကို လာဖို့ "မင်းတို့ အစ်ကို ရှောင်ကျန်းကို နှုတ်ဆက်လိုက်ကြအုံး"လို့ ခေါ်လိုက်ပေမယ့်လည်း နှစ်ကြိမ်တိုင်တိုင်အော်ပြီးမှ ကျန်းဟယ်လင်းကိုသာ ခေါ်လိုက်နိုင်သည်။
ဒီကောင်မလေးက ကောင်းကောင်းပြုမူတတ်ပြီး ယဥ်ကျေးလေသည်။ သူမက ဧည့်သည်တွေကို ဘယ်လို လိုက်ပို့ပေးရမှန်း သိတတ်သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...