အကြီးဆုံးသမီး

2.1K 167 0
                                    

Part 26

ကျန်းယန်ရှန့်မှာ သူမပြောချင်သည်ကို နားလည်နေသည့်အတိုင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ကလေးများ၏ ကမ်ဘာကြီးကို မြင်သောအမြင်သည် အဖြူနဲ့ အမဲသာ ဖြစ်သည်။လူတွေဟာ ကောင်းသည့်လူနှင့် ဆိုးသည့်လူ ဟူ၍သာ ရှိပြီး ကိစ္စများမှာလည်း အမှားနှင့် အမှန်ဟုသာ ခွဲခြားလို့ရကြောင်း တွေးကြပေမည်။

ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏ အာရုံစိုက်မှု ရရန် ပြဿနာမျိုးစုံ ရှာတတ်သည့် အစွန်းရောက်လူတစ်ယောက် ဖြစ်ခဲ့သည်။နောက်ဆုံးတွင် သူမကိုယ္သူမ ပျက်စီးစေခဲ့သည့် ကလေးတစ်ယောက်သာ ဖြစ်သည်။

သူမ အမှားလုပ်ထားတယ်ဒါကလည်း ကောင်းတဲ့အရာပဲငါ သူမကို ကိုင်တွယ်ဖို့ လုပ်နေတော့... သူ ငါ့စကားနားမထောင်ပဲ မနေရဲတော့ဘူးလေ

ကျန်းယန်ရှန့် ပြောသည်။

အကယ်၍ ငါ ဒီလိုသိမနေရင် သူက ငါ့စကား နားထောင်မှာတဲ့လား

အန်တီဝမ်သည် ကျန်းယန်ရှန့် ပြောသမျှကို အရင်က အလေးအနက်မထားခဲ့ပေ။လျန့်ယင်းယင်း ကျန်းမိသားစုထဲသို့ ဝင်မလာခင်ကတည်းက သူမကို အလုပ်ခန့်ထားခဲ့သည်။ ကျန်းရှို့ချန် မွေးကင်းစအရွယ်မှစ၍ သူမ ထိန်းခဲ့ရပြီး လျန့်ယင်းယင်း ကျန်းအိမ်သို့ ရောက်လာသောအခါ သူမလည်း လိုက်လာခဲ့သည်။သူမစိတ်ထဲတွင် လျန့်ယင်းယင်းသာ သူမ အလုပ်ရှင်ဟု သတ်မှတ်ထားသည်။

ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း သည် မိထွေးနှင့် လင်ပါသမီးသာ ဖြစ်သည်။လူအများပြောကြသကဲ့သို့ မင်းမှာ မိထွေးရှိလာခဲ့လျှင် မင်းအဖေကလည်း ပေထြးသာ ဖြစ်လာလိမ့်မည် ဟူ၍ဖြစ်သည်။ထို့ကြောင့် အရင်မိန်းမ၏ သမီးကို အေလးအနက္ထား၍ ဂရုစိုက်ရန် မလိုအပ်ပါဟု သူမ သဘာဝက်က် ခံစားမိသည်။

မည်သို့ပင်ဖြစ်စေ သူမ၏ အဓိက တာဝန်မှာ ကျန်းရှို့ချန်ကို ထိန်းရန်သာဖြစ်ပြီး ကျန်းယန်ရှန့်နဲ့ အဆင်ပြေနေရန်လည်း လိုအပ်ခြင်း မရှိသောကြောင့် ဖြစ်သည်။မည်သူမှ ထိုအကြောင်းအရာများကို ထောက်ပြခြင်း မရှိခဲ့ပေ။

ကျန်းဟယ်လင်း တစ္စုံတစ္ခု ခံစားလိုက်ရသည်။ကျန်းယန်ရှန့် ထိုသို့ပြောလာသောအခါ သူမ စိတ္သက္သာရာရစြာ ခေါင်းငြိမ့်လိုက်ပြီး  အဲ့တာဆို ဒါတွေက ဒီလိုမျိုးပေါ့

အကြီးဆုံးသမီး👩Where stories live. Discover now