Part 17
ကျန်းမိသားစုသည် ကလေးများကိုမရိုက်နှက်ပေ။ အနည်းဆုံးတော့ ကျန်းဟွမ်နှင့် ဆုံးသွားသည့်ဇနီးသည် သူတို့၏ကေလးကို မရိုက်နှက်ပေ။
တချိန်တုန်းက ကျန်းယန်ရှန့်သည် မိသားစုထဲတွင် တစ်ဦးတည်းသောကလေးဖြစ်ခဲ့ပြီး သူမသည် မင်းသမီးလေးတစ်ပါးကဲ့သို့ပင် ။ မည်သူကမျှလည်း မရိုက်ကြပေ။
ကျန်းယန်ရှန့်မိခင်သည် မိဘများမှကလေးကိုမတော်တဆ သတ်လိုက်မိသည့်သတင်းကို ကြည့်မိပြီးနောက် သက်ပြင်းချကာ နောင်တရသံဖြင့် ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးပြန်ရိုက်နိုင်မှာလဲ
ကျန်းယန်ရှန့်သည် တိုက်ကွမ်ဒိုနှင့် အသက်အပုတ်ပညာများကို တစ်နှစ်ပတ်လုံးလေ့ကျင့်ထားခဲ့ပြီး နည်းပြများမှ အားနည်းသူများအပေါ် မနှိပ်စက်ရန်ထပ်ခါတလဲလဲ သတိပေးခြင်းခံထားရသည်။
ထို့ကြောင့် သူမတို့၏ပထမဆုံးတွေ့ဆုံမှုတုန်းက အမွားမွလြဲ၍ သူမ၏သွေးတဝက်မွေးချင်းများအပေါ် ဘယ်တုန်းကမှ မရိုက်နှက်ခဲ့ပေ။
သို့သော် အကျိုးရလဒ်အနေဖြင့် ကျန်းရှို့ချန်အသက်ကြီးလာသည့်အချိန်တွင်
ထို့ကြောင့်ပင် ကလေးများသည် ငယ်စဉ်ကတည်းက ကောင်းမွန်သည့်သင်ကြားပြသမှုများ လိုအပ်လေသည်။ ဒီတစ်ကြိမ်တွင် သစ်သားချိတ်ဖြင့် ကျန်းရှို့ချန်ကိုရိုက်နှက်လိုက်ရာ ပြင်းထန်စွာအော်ဟစ်တော့သည်။
နာတယ် နာတယ် ငါ့ကိုလွှတ် နင်ငါ့ကိုရိုက်ရဲတယ်ပေါ့လေ ငါနင့်ကိုသတ်မယ်
ကျန်းရှို့ချန် ကြီးပြင်းလာချိန်တွင် လုပ်ခဲ့သည့်အရာများကိုတွေးပြီးနောက် ထိုကလေးကိုရိုက်ရန်မှာ သင့်တော်သည်ဟုတွေးလိုက်မိသည်။
သူမ နှုတ်ခမ်းတွန့်လိုက်ကာ ကျန်းရှို့ချန်တင်ပါးကို နောက်တစ်ကြိမ်ရိုက်လိုက်ပြန်သည်။ အမြဲတမ်းစည်းကမ်းမဲ့စွာဖြင့် မောက်မာနေသော ထိုကောင်ဆိုးလေးသည် အကူအညီရရန် အော်ဟစ်တော့သည်။
ကေလးမ်ားအား ရိုက်နှက်ရာတွင် ခေါင်း နောက်ကျောနှင့် အစာအိမ်နေရာများသည် ခန္ဓာကိုယ်ကို ပြန်ပြင်မရသည့်ထိခိုက်မှုများဖြစ်စေနိုင်သည်။ ကလေးများလိမ်မာစေရန် ဆုံးမသည့် အကောင်းဆုံးနေရာမှာ တင်ပါးအားရိုက်နှက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် သူမသည် အသက်အပုတ်ပညာရပ်များကို သူမ၏နည်းပြမှကောင်မွန်စွာသင်ပြပေးသည့်အပြင် လူခန္ဓာကိုယ်၏ တည်ဆောက်ပုံနှင့် အားနည်းချက်ရှိသည့်နေရာများကိုပါ ရှင်းပြခဲ့သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...