အကြီးဆုံးသမီး

2K 154 1
                                    

Part 62

အစ္ကို လျန့် က မနာလိုဖြစ်၍ ပြောလိုက်သည်။

"နင့် ဘဝကေတာ့ မိုက္လိုက္တာ...နင့် လက်ချောင်းကြားက ယိုစိမ့်တာလေးနဲ့တင် ငါတို့ မိသားစုကြီး အတွက် ထမင်းစားလို့ ရတယ်..အဲ့တော့ နင့်ယောင်းမ ရဲ့ မောင်လေးကိုလည်းလေ....

လျန့်ယင်းယင်း က အော်ဟစ်၍ ပြောလိုက်သည်။

"တော်တော့....လျန့်ကျန်း က ကျွန်မရဲ့ တူလေးမို့ ကျွန်မ သူ့ကို စောင့်ရှောက်ပေးနိုင်တယ်....တခြားလူတွေကိုတော့ လုပ်ပေးမှာမဟုတ်ဘူး...ကျွန်မအဲ့လောက်မအဘူး....ယောင်းမရဲ့ မောင်လေးက အလုပ်ရှာချင်နေတာ ဟုတ္လား... ဒါဆိုလည်း.... လျန့်ကျန်း ကို ပြန်ခေါ်ပြီး အဲ့ဒီကောင့်ကို အလုပ်ပေးလိုက်မယ်လေ.... အဆင်ပြေတယ်မလား...."

"အဲ့လို ပြောတာ မဟုတ်ဘူးလေ...."

လျန့်ယင်းယင်း က စကားဆုံးအောင် နားမထောင်တော့ဘဲ ဖုန်းချပစ်လိုက်သည်။

ထို့နောက် နေ့လည်စာစားရန် အောက်ထပ်သို့ ဆင်းသောအခါ ကလေးနှစ်ယောက်ကိုသာ တွေ့ရပြီး ကျန်းယန်ရှန့် ကို မတွေ့ပေ။

သူမက ဘယ်မှာလဲ...

ကျန်းဟယ်လင်း ကအံ့ဩစြာ ပြန်မေးလိုက်သည်။

"ဘယ္သူလဲ..."

လျန့်ယင်းယင်း က အော်ပြောလိုက်သည်။

ကျန်းယန်ရှန့်...

"အေမက သမီးရဲ့ အစ္မလို့ ဘာလို့ အစကတည်းက မပြောလဲ...အဲ့တော့ 'ဘယ္သူလဲ' လို့မေးတာပေါ့...."

"နင် သူမကို အစ်မတစ်ယောက်လို တကယ် ဆက္ဆံတာလား..."

ကျန်းဟယ်လင်း သည် ခဏမျှ တိတ်ဆိတ်သွားပြီး အံ့သြစွာ မေးလိုက်သည်။

"သမီးက အေဖ့ရဲ့သမီး မဟုတ္ဘူးလား...."

လျန့်ယင်းယင်း သည် နွားနို့သောက်ရင်း သီးသွားလေသည်။

"ဘာတွေ ပြောနေတာလဲ..."

"သမီးတို့က အေဖ တစ်ယောက်တည်းမွေးခဲ့တာဆိုတော့ ညီအစ္မေတြေလ...."

ကျန်းဟယ်လင်း က အခိုင်အမာ ပြောလိုက်သည်။

"ကောင်းပြီ... နင့်အစ်မဘယ်မှာလဲ...."

အကြီးဆုံးသမီး👩Onde histórias criam vida. Descubra agora