အကြီးဆုံးသမီး

2K 166 0
                                    

Chapter 42

သူမ အစ်မပြောသည်ကို ဂရုမစိုက်ပေမယ့် ကျန်းဟယ်လင်း ၏ မျက်လုံးများသည် ထူးထူးခြားခြား တောက်ပနေ၏။

အစ္မက သူမကို 'ဟယ်ဟယ်' လို့ ခေါ်လိုက်သောကြောင့် ဖြစ်သည်။

ဒါဟာ သူမ မှတ်မိသလောက် ပထမဆုံးအကြိမ် ဖြစ်သည်။ ကျန်းဟွမ် လည်း သတိထားမိသည်။ ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ကို 'အမေ' သို့မဟုတ် 'အန္တီ လျန့်' ဟု ပင်မခေါ်ခဲ့ချေ။

သူမ မောင်လေး နှင့် ညီမ တို့ကိုလည်း နာမည် အပြည့်အစုံဖြင့်သာ ခေါ်သည်။

ကျန်းဟွမ် သည် အလွန်ပျော်နေပြီး လျန့်ယင်းယင်း ကြောင့် ဖြစ်ပေါ်လာသော ဒေါသ များသည် ယခုပင် ပျောက်ကွယ် သွားသည်။ သူက ပြုံးရွှင်စွာဖြင့်

ဒါမွ ငါတို့ ဟယ်ဟယ်ကွ...အရမ်းတော်တာပဲ... ဒီဆုတွေက ဘယ်လိုဆုတွေလဲ ဆိုတာ အဖေကြည့်လိုက်ဦးမယ်... 'သင်ယူခြင်း ကြယ်' ဒါဘာလဲ... ဒါက ပညာရေး စွမ်းဆောင်ရည်အတွက် ဂုဏ်ပြုတာလား...

ကျန်းဟယ်လင်း က "အတန်းထဲက ထိပ်တန်း သုံးယောက် ပဲ "သင်ယူခြင်း ကြယ်" ကို ရတာ..."

ကျန်းဟွမ် က အံ့သြတကြီးနှင့် ငါတို့ ဟယ်ဟယ် က အတန်းထဲမှာ ထိပ်တန်း သုံးယောက်ထဲ ဝင်တာလား...တော်လိုက်တာ..."

ကျန်းဟယ်လင်း ခဏတုံ့ဆိုင်းသွားပြီး

"သမီးက အတန်းထဲမှာ ပထမ နဲ့ တစ်တန်းလုံးမှာ ဒုတိယ ရတယ်..." ဟု ပြောလိုက်သည်။

  ကျန်းဟွမ်      :   ဟင်...

ကျန်းယန်ရှန့်:  "ဟက်..."

ကျန်းယန်ရှန့် ၏'ဟက်' ဟူသည့် စကားသည် ထေ့ငေါ့၍ ပြောခြင်းဖြစ်သည်။

ကျန်းဟွမ် က ချောင်းအသာဟန့်လိုက်ပြီး

" အေဖ့ ကို ကြည့်ပါဦး...အလုပ်အရမ်းရှုပ်နေတယ်...ငါတို့ ဟယ်ဟယ်ရဲ့ ပညာရေး စွမ်းဆောင်ရည်က အရမ်း ကောင်းလာတာလဲ မသိခဲ့ဘူး...

ကျန်းဟယ်လင်း က"သမီး ပထမတန်း ကတည်းက အဆင့် -၁ကို ရခဲ့တာ...."

  ကျန်းဟွမ် :      

ကျန်းယန်ရှန့် :  "ဟက်..."

ကျန်းဟွမ် က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

အကြီးဆုံးသမီး👩Where stories live. Discover now