Part 77
" ဘာကို ပြောတာလဲ...."
လျန့်ကျန်းက အရှက်မရှိစွာဖြင့် မသိဟန်ဆောင်လိုက်သည်။မည်သို့ပင်ဖြစ်စေ သူ့ဆဲလ်ဖုန်းကို လော့ခ်ချထားပြီး ဖြစ်သည်။
ကျန်းယန်ရှန့် က ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလေသည်။
"ရှင် ခုနက ရိုက်ထားတဲ့ ဓာတ်ပုံကို ဖျက်လိုက်ပါ...."
ကျန်းဟယ်လင်း သည် လျန့်ကျန်း ဓါတ်ပုံရိုက်နေသည်ကို မသိခဲ့ပေ။
လျန့် မိသားစုအားလုံးသည် အရပ်ရှည်ကြ၍ လျန့်ကျန်း က သူမကို အထက်စီးဆန်စွာဖြင့် ငုံ့ကြည့်လိုက်သည်။
“ငါက ဘာဓာတ်ပုံကို ရိုက်ရမှာလဲ... အန်တီ နဲ့ ဦးလေးက ဒီအိမ်မှာ ဆယ်လ်ဖီ ရိုက်ခွင့်မရှိဘူးလို့ ပြောထားလို့လား..."
ကျန်းယန်ရှန့် သည် သူ့ကို ရွံရှာသွားသည်။
"ရှင့်ဖုန်း ကျွန်မကို ပေး...."
“ဘာလို့ ပေးရမှာလဲ...”
လျန့်ကျန်း က ပြုံးပြီး ကျန်းယန်ရှန့်ရှေ့မှာ ဆဲလ်ဖုန်းကို ခါပြလိုက်သည်။
"ဆဲလ်ဖုန်းဆိုတာ ကိုယ်ရေးကိုယ်တာ ပစ္စည်းတစ်ခုဆိုတာ နင့်လို ကလေးတစ်ယောက် နားမလည်ပါဘူး...ကိုယ်ရေးကိုယ်တာ ပစ္စည်းကိုတခြားသူတွေကို မပေးနိုင်ဘူး...”
ကျန်းဟယ်လင်း သူတို့စကားကို နားထောင်လေလေ ဝမ်းကွဲအစ်ကိုက မှားလေလေဟု သူမ ခံစားရပြီး ဝမ်းကွဲအစ်ကို၏ အပြောအဆို နှင့် အမူအရာကို စိတ်အနှောင့်အယှက် ဖြစ်သွားသည်။အစ်မဖြစ်သူ ပြောသည့် ဓာတ်ပုံကို သူမ မသိသော်လည်း ဝမ်းကွဲအစ်ကို ကို အမှား ('X') နှင့် အစ်မဖြစ်သူကို အမှန်( '√' ) ဟူ၍ ပေးထားပြီးသား ဖြစ်သည်။
ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်ဘေးသို့ ကပ်လိုက်သည်။ ထိုအခိုက် လက်တစ်ဖက်သည် လျန့်ကျန်း ၏ လက်ကောက်ဝတ်ကို လျင်မြန်သည့် အရှိန်ဖြင့် ချဥ်းကပ်လာရာ လျန့်ကျန်း ၏ လက်သည် လွင့်ထွက်သွားသည်။ (မြောက်တက်သွား)
လျန်းကျန်းသည် ကေမြို့သို့ မရောက်မီ ကျန်းမိသားစုမှ မထီမဲ့မြင် ပြုခံရမည်စိုးသောကြောင့် ဝယ်လာခဲ့သော သူ၏ လက်ကိုင်ဖုန်း အသစ်သည် လေထဲတွင် သုံးလေးပတ် လည်သွားပြီး ရေကူးကန်ထဲသို့ ပြုတ်ကျသွားသည်။
VOCÊ ESTÁ LENDO
အကြီးဆုံးသမီး👩
Ficção GeralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...