Part 48
လျန့်ကျန်း က ဂိမ်းရှုံးပြီးနောက် သူ့ဆီ ဂီမ်းစက် ပြန်မပေး၍ ကျန်းရှို့ချန် ဒေါသတကြီးဖြင့် ပြန်လုလိုက်သည်။
ဒါက သားရဲ့ဂိမ်းစက်...ပြန်ပေးပါ...
လျန့်ကျန်း က သူ့ကို တံတောင်နဲ့ တားထားပြီး
"နောက်တစ်ပွဲပဲ ကစားမယ်..."
ကျန်းရှို့ချန် သည်းမခံနိုင်တော့ပေ။ စောစောက ကစားဖော်အသစ်တစ်ယောက်ရခြင်း၏ လန်းဆန်းမှုက မှိန်ဖျော့သွားပြီး ဒီဝမ်းကွဲ အစ်ကိုကြီးကို သူ ငြီးငွေ့လာသည်။
သူက ဂိမ်းစက်ကို ကိုင်လိုက်ပြီး
"ဒါက သားရဲ့ ဂိမ်းစက်..."
လျန့်ကျန်း က မျက်လုံးပြူးသွားပြီး
မင်းမှာ အရုပ်တွေအများကြီး ရွိတာပဲ...မင်း အစ်ကိုကြီးကို ဒီဂိမ်းစက် ခဏ ငှားပေးလေ...အစ္ကိုက ဧည့်သည်ပဲ..."
"မေပးဘူး..."
"စိတ်ညစ်တယ်...မင်းမိသားစုက အရမ်းချမ်းသာတယ်...ဒါကြောင့် မင်းအမေက မင်းကို နောက်တစ်မျိုး ဝယ်ပေးမှာပါ..."
ကျန်းရှို့ချန် က စဉ်းစားပြီး
"ဒါဆိုလည်း အစ္ကို့ အေမကို ဝယ်ခိုင်းလိုက်ပါ..."
လျန့်ကျန်း က ခါးသီးစြာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
'ခွေးကောင်!'
သို့သော် သူက ရှက်ရွံ့စွာဖြင့်
အစ္ကို့ကို ခဏလောက် ကစားဖို့ ငွားပါ
"ဟင့်အင်း...သား ကစားချင်တယ်..."
"မမဆီက ငှားလို့ရတယ်...သူမမှာလည်း တစ်ခုရှိတယ်...အဲ့ဒါလည်း နောက်ဆုံးထွက် မော်ဒယ်ပဲ..."
"ဘယ် မမလဲ"
"သားရဲ့ ဒုတိယ အစ္မ..."
ကျန်းဟယ်လင်း အကြောင်းပြောပြီးတာနဲ့ ကျန်းဟယ်လင်း က အခန်းဝ,တွင် ပေါ်လာလေသည်။
"နင် ဘာလို့ အိမ္စာ မရေးသေးတာလဲ...နောက်တစ်ခါ အရိုက်ခံချင်လို့လား...
ကျန်းရှို့ချန် ..."သား ခဏလောက် ဆော့ပြီး စာရေးတော့မှာပါ..."
အစ်မအကြီးဆုံးက မနက်ပိုင်းပဲ ပြီးအောင်ရေးဖို့ ပြောထားတယ်...မနက် အိပ်ရာနိုးတဲ့အခါ စိတ်ကြည်လင်တယ်...ဒါကြောင့် စာလုပ္ဖို့ အကောင်းဆုံးပဲ... နေ့ခင်းဘက်ပဲ ကစားခွင့်ရှိတယ်...မြန်မြန်လုပ်ပါ...စာမရေးရသေးရင် အစ်မကြီးကို ဒီကို ခေါ်လိုက်မယ်....
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...