အကြီးဆုံးသမီး

10.1K 270 7
                                    

Part 1

အမျိုးသား၏လက်သည် ရေပိုက်ခေါင်းအောက်သို့ရောက်သွားသည်နှင့် ကြည်လင်သောရေများ ကျဆင်းလာသည်။

လက်နှစ်ဖက်လုံးမှာ သွယ်လျနေပြီး လက္ဆစ္မ်ားမွာ သန်မာမှုကိုပြသနေသည်။ လက်ကောက်ဝတ်မှ သိသာထင်ရှားသောအရိုးအဆစ်များက အများနှင့်မတူပဲ တမူကွဲပြားသော လက်ရာမြောက်မှုကိုဖော်ပြနေသည်။

လက်ဆေးဆပ်ပြာနှင့် ဆေးပြီးနောက် သူက တစ်ရှုးတစ်ရွက်ကိုယူကာ လက်ကိုသုတ်လိုက်ပြီး တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီး တစ်ယောက်၏ ကျယ်လောင်သော သီချင်းဆိုသံကို ကြားလိုက်ရသည်။ တခြားသူများသည် အရက်သောက်ရင်း အော်ဟစ်နေကာ အံစာတုံးများပစ်နေကြသည်။

အိမ်သာမှထွက်လာသော အမျိုးသားသည် ခေါင်းငုံ့ကာ စီးကရက္ကို မီးညှိလိုက်သည်။ သီးသန့်ခန်းထဲမှ နီယွန်မီးရောင်သည်တောက်ပနေပြီး သူ၏ ဖြောင့်စင်းနေသည့်နှာတံမှအရိပ်သည် ပါးပြင်ပေါ်သို့ကျဆင်းနေသည်။ သူသည် ကြယ်သီးနှစ်လုံးဖြုတ်ထားသော အဖြူရောင်ရှပ်အကျီကိုဝတ်ထားပြီး နက်ကတိုင်မပါသည့် အနက်ရောင်ကုတ်အကျီကို အပေါ်မှထပ်ဝတ်ထားသည်။ သူ့တွင် သွယ်လျသောလည်တိုင်ရှိပြီး ဆက်ဆီကျသော လည်ဇလုပ်ကိုပိုင်ဆိုင်ထားသည်။

ယွဲ့စုန့်

သူထွက်လာသည်ကိုတွေ့လိုက်သည့်လူများက ချက်ချင်းပင် သူ့ကိုလှမ်းခေါ်လိုက်ကြသည်။

လာလေ ဆက်သောက်ရအောင်

ယွဲ့စုန့်သည် လက်ထဲမှ စီးကရက်ကိုသောက်ပြီးနောက် ဖန်ခွက်ထဲမှ ဝိုင်များကို ထပ်သောက်လိုက်သည်။ ထို့နောက် လက်မှနာရီကိုကြည့်လိုက်စဉ် ည ၁၂ နာရီကျော်သွားပြီကို တွေ့လိုက်ရသည်။ သူ့အတွက်ဝိုင်ထည့်ပေးနေသောလူကို လက်ကာပြလိုက်ရင်း သုံးနာရီမွာ အစည်းအဝေးရှိတယ် ဒါကြောင့် ငါအရင်သွားတော့မယ်

သူငယ်ချင်းဖြစ်သူက မကျေမနပ်ဖြင့် အခုက ညလယ်ခေါင်ကြီးနော်

ယွဲ့စုန့်က မေးကိုမော့လိုက်ရင်း ငါ့ရဲ့ ဗီဒီရိုကွန့်ဖရန့်က M နိုင်ငံနဲ့လုပ်ရမှာ အဲ့မွာ နေ့လည်ခင်းပဲရှိသေးတယ်

အကြီးဆုံးသမီး👩Où les histoires vivent. Découvrez maintenant