Chapter 172
တစ်ဖက်တွင်၊ သူမ(ကျန်းယုဇနီး)သည် ကျန်းယန်ရှန့် အတွက် စိတ်မကောင်းဖြစ်ရပြီး တစ်ဖက်တွင်တော့ သူမသည် အရည်အချင်းရှိပြီး ချစ်လှစွာသော ခယ်မဖြစ်သူ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက်တွင် သူမကိုယ်သူမ ရပ်တည်ချိန်တန်နေပြီ ဖြစ်သည်။ ယခုအချိန်အထိ သူမ၏ သားဖြစ်သူနှင့် သမီးဖြစ်သူမှာ ကျန်းယန်ရှန့် ထက် နိမ့်ကျနေသည်ကို မည်သူမျှသိနိုင်မည် မထင်ပေ။
ကျန်းယု ၏ဇနီးသည် ကျန်းလင်း ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ကျန်းလင်း သည် သူ့ကိုယ်သူ မှားသည်ဟု မခံစားရပေ အဘွားဖြစ်သူကလည်း သူ့ကို လိုက်ခဲ့ပါဟု အတင်းအကြပ်မခေါ်ခဲ့ချေ။ ထို့အပြင် သူမတို့ သုံးဦးသည် မိန်းကလေးများ ဖြစ်ပြီး သူက ယောက်ျားလေး ဖြစ်သောကြောင့် သူမတို့နှင့် မည်သည့် ဖိုရမ် မှ မသွားချင်ပေ။
"ထားလိုက်ပါ...သူ မသွားချင်ရင်လည်း ရပါတယ်....ဘာလို့ ဒီလို ကလေးကို ခေါ်သွားရမှာလဲ...ငါက သူငယ်တန်း တက်မှာမှ မဟုတ်တာ..."
တကယ်တမ်းတွင် မရယ်စရာသည့် ဟာသတစ်ခု ဖြစ်သည်။ ကျန်းရှို့ချန် မှာ အဘွားဖြစ်သူ၏ စကားကြောင့် ရယ်မောလိုက်ပြီး ကျန်လူများကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ရယ်မောကြတော့သည်။
“သူငယ်တန်း...ဟားဟား...အစ်ကိုက သူငယ်တန်း တက်တော့မယ်.....ဟားဟားဟား...."
သူ ရယ်လိုက်ရာက လူကြီးများပါ ရယ်မော သွားရသည်။ ဤကဲ့သို့ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ဖြစ်ပေါ်လာပြီး ထိုကိစ္စလည်း ပြေလည်သွားခဲ့သည်။
ထို့နောက် ကျန်းမိသားစုတို့သည် အခုမှ ရင်းနှီးမှု ပြန်ရလာပြီး ပြုံးရွှင်စွာဖြင့်ဖက်ထုပ်စားရန် ပြင်လိုက်ကြသည်။
လျန့်ယင်းယင်း ကသာ စိတ်ဆိုးသွားပြီး ကျန်းရှို့ချန် ကို နှစ်ကြိမ် လိမ်ဆွဲလိုက်၍ ဤမိသားစုဝင်များရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ အော်မရယ်ရန် ပြစ်တင် ကြိမ်းမောင်းနေတော့သည်။
ထို့နောက် သူတို့အားလုံးသည် အဘွားကြီး ကျန်း နှင့် အတူ နှစ်သစ်ကို အတူတကွ စောင့်ကြိုခဲ့ကြသည်။ည ၁၂ နာရီတွင် အချက်ပေးသံ မြည်လာသောအခါ ကျန်းလင်း သည် ကျန်းရှို့ချန် နှင့်အတူ အပြင်သို့ ပြေးထွက်သွားပြီး မီးရှူးမီးပန်း ပစ်ဖောက်ရန် အသင့်ပြင်လိုက်သည်။
BINABASA MO ANG
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...