အကြီးဆုံးသမီး

2.2K 167 0
                                    

Part 15

နောက်ဆုံး ကျန်းယန်ရှန့် အနည်းငယ်ကျေနပ်သွားသည်။ သို့သော် ကျန်းဟယ်လင်းမှာ ပျက်စီးနေသောဂိမ်းစက်လေးအား ကိုင်ထားဆဲဖြစ်သည်ကို သူမတွေ့လိုက်ရသည်။

အဲ့ဒါက ပျက်စီးနေပြီဟာကို ဘာလို့မပစ်သေးတာလဲ

ကျန်းယန်ရှန့် ဂိမ်းစက်ကိုလှမ်းယူလိုက်သည်။

အမွိုက္ပုံးထဲသို့ ရောက်သွားသော ဂိမ်းစက်လေးကိုကြည့်ရင်း ကျန်းဟယ်လင်းမှာ သူမကိုတားရန်အချိန်မမီတော့ပေ။

ကျန်းဟယ်လင်းက မျက်ရည်မကျသော်လည်း ငိုသံလေးဖြင့် လက်ကိုဆန့်တန်းကာ  ဟင့် အဲ့ဒါက ညီမေလးရဲ့.

ကျန်းယန်ရှန့် စိတ်မရှည်စွာဖြင့်  ဒါဆိုလဲ အသစ်တစ်ခုဝယ်လိုက်ပေါ့

ကျန်းဟယ်လင်းက နှုတ်ခမ်းများတုန်လှုပ်နေရင်း  အေမက ညီမလေးအတွက် အသစ်ထပ်ဝယ်ပေးတော့မှာ မဟုတ္ဘူး သူက ရှို့ရှို့အတွက်ဝယ်ရင်း ညီမလေးအတွက်ပါ ပိုဝယ်ပေးထားတာ

ထိုဂိမ်းစက်လေးသည် ယွမ်အနည်းငယ်သာပေးရသည့်အတွက် ကျန်းယန်ရှန့် ချော့မော့မေးလိုက်သည်။

သူမက ဘာလို့ ဝယ္မေပးရတာလဲ

ကျန်းဟယ်လင်း ခေါင်းငုံ့လိုက်ရင်း  ညီမလေးအတွက် ထပ်ဝယ်ပေးမှာမဟုတ်တော့ဘူး

ကျန်းယန်ရှန့် အေးခဲသွားရင်း တစ္စုံတစ္ခုကို ရုတ်တရက်သတိရသွားသည်။

သူမအနေဖြင့် ကျန်းဟယ်လင်းကို ဂရုမစိုက်သော်လည်း ဒီမိသားစုထဲတွင် နှစ်ပေါင်းများစွာနေပြီးသည့်နောက် အတော်များများကို တွေ့မြင်ခဲ့ရသည်။ ငယ်ရွယ်သော ကျန်းယန်ရှန့်က ထိုအရာကို နားမလည်လောက်သော်လည်း အရွယ်ရောက်ပြီး ပြန်လည်မွေးဖွားလာသည့် သူမကေတာ့ ထိုအကြောင်းကို ကောင်းစွာနားလည်လေသည်။

ထိုအမျိုးသမီး လျန့်ယင်းယင်းသည် သူမ၏သမီးအရင်းဖြစ်သူကိုပင် အတော်လေးမနှစ်သက်ပေ။ ထို့ကြောင့် ကလေးနှစ်ယောက်အပေါ်တွင် ကွဲပြားစွာဆက်ဆံသည်မှာ အတော်လေးသိသာလှသည်။

သူမသည် ယခုကဲ့သို့ ယွမ်ထောင်ဂဏန်းမျှသာရှိသော ဂိမ်းစက်အသစ်တစ်လုံးပင် ဝယ်မပေးချင်သည်ကို ကျန်းဟယ်လင်း မွ နားလည်နေသည်။ ကျန်းဟယ်လင်းမှာ လျန့်ယင်းယင်း၏ သေဘာထားကို သိလိုသော်လည်း သူမအနေဖြင့် နားမလည်နိုင်ပေ။ ကျန်းဟယ်လင်းသည် ဒီမိသားစုထဲသို့ အသက် ၄ နှစ်အရွယ်ကပင် ဝင်ရောက်ခဲ့သည်။ လျန့်ယင်းယင်းသည် ချမ်းသာသောမိသားစု၏ မြင့်မြတ်သောအမျိုးသမီးတစ်ဦးဖြစ်လိုပြီး ကျန်းဟယ်လင်းအားမွေးပြီးသည့်တိုင် သားယောကျာ်းလေး မရခဲ့ပေ။ လေးနှစ်ကြာပြီးနောက် ကျန်းရှို့ချန်ကိုမွေးဖွားခဲ့သည်။ ထို့ကြောင့် မိန်းကလေးဖြစ်သော ကျန်းဟယ်လင်းကို သဘောမကျသည်မှာ မဆန်းပေ။
ကျန်းယန်ရှန့် ခဏရပ်လိုက်ရင်း  ဒါဆို နင့်ဘာသာဝယ်ပေါ့ဟ

အကြီးဆုံးသမီး👩Where stories live. Discover now