အကြီးဆုံးသမီး👩

2.1K 142 0
                                    

Part 76

လျန့်ကျန်း  သူ၏မျိုးရိုးအမည် လျန့် ကို အလွန်မုန်းတီးနေမိသည်။

ငါ့ မျိုးရိုးနာမည်က ကျန်း ဘာလို့မဟုတ်ရတာလဲ...တကယ့်ကို စိတ်ပျက်စရာပဲ...

သူ အဒေါ်ဖြစ်သူ၏ စကားကို နောက်ဆုံးတွင် နားထောင်လိုက်ရပြီး  အခန်းတစ်ခန်းကို အွန်လိုင်းတွင် ရွေးလိုက်၍ စနေနေ့တွင် အိမ်ကိုကြည့်ရန် ကိုယ်စားလှယ်နှင့် ချိန်းဆိုလိုက်သည်။

"မနက်ဖြန် လိုက်ပို့ပေးမယ်..နင့်လို ကေမြို့ကို အခုမှ ရောက်တဲ့ သူတွေက မြေအောက်ခန်းမှာ အုပ်စုလိုက် ငှားနေကြတယ်... နင့်လို အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းမျိုးကို ဘယ်သူမှ မငှားနိုင်ကြဘူး...”

လျန့်ကျန်း   အိပ်ရာပေါ်တွင် လဲလျောင်းရင်း သက်ပြင်းချလိုက်သည်။

ကြီးမားသော ဇိမ်ခံအိမ်ကြီးမှ ပြိုကျပျက်စီးနေသော အိမ်အိုကြီးတစ်ခုသို့....

သူသာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကေမြို့ကို အလုပ်လုပ်ရန် လာခဲ့ပါက မြေအောက်ခန်းထဲတွင် နေနိုင်ပေလိမ့်မည်။ သို့သော်  ယခု လျန့်ကျန်းသည် ကျန်းမိသားစု၏ စည်းစိမ်ကို မြင်ဖူးသွားပြီ ဖြစ်သည်။

ဇိမ်ခံအိမ်ကြီးတွင် နေထိုင်ပြီး BMW စီးနိုင်ခဲ့သော လျန့်ကျန်းက တိုက်ခန်းကျဉ်းလေးထဲတွင် နေထိုင်၍ မြေအောက်ရထားတို့စီးရမည့် ဘဝကို ‌စိတ်အပျက်ကြီး ပျက်နေလေသည်။

လျန့်ယင်းယင်း က တိုက်ခန်းကိုကြည့်ရန် သွားမည်ဟု ပြောထားသဖြင့် လျန့်ကျန်း အိပ်ရာ စောစောထလိုက်သည်။သို့သော် မနက် ၁၀ နာရီခွဲ သည် လျန့်ယင်းယင်း အတွက် စောလွန်းနေသေးသည်။

ထို့ကြောင့် သူ ဆဲလ်ဖုန်းဖြင့် အိမ်အနှံ့ကို  ဓာတ်ပုံမျိုးစုံ ရိုက်ပြီး လှည့်ပတ်ကြည့်နေလိုက်သည်။

မနက်အိပ်ရာနိုးသောအခါ ကျန်းယန်ရှန့် အချိန်ကိုကြည့်လိုက်ပြီး ရေကူးရန် ဆုံးဖြတ်လိုက်သည်။ထို့‌ေနာက် သူမသည် ရေကူးဝတ်စုံကို ၀တ်လိုက်ပြီး အပေါ်ရုံ အင်္ကျီကို   ထပ်၀တ်၍ ဘေးအခန်းတံခါးကို ခေါက်လိုက်သည်။

အကြီးဆုံးသမီး👩Donde viven las historias. Descúbrelo ahora