Part 52
ထိုအချိန်တွင် ကားအင်ဂျင်ဖုံး ပေါ်တွင်ထိုင်ကာ ပို့စ်အမျိုးမျိုးပေး၍ တူဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းနေသည့် ဇနီးဖြစ်သူကို ပြောပြရန် လှည့်ကြည့်လိုက်သည်။
ကျန်းဟွမ် :
ထိုမြင်ကွင်းက သူ့စိတ်ကို အကျည်းတန်သွားစေပြီး ချက်ချင်းပင် နွေးထွေးမှုတို့ ပျောက်ရှကုန်၏။
ကျန်းရှို့ချန် က ကျန်းဟယ်လင်း၏ စကားကိုကြားပြီး ကားပေါ်က ဆင်းလာ၏။
"သားလည်း VR ဂိမ်း ကစားချင်တယ်...ကစားချင်တယ်..."
"နည်းနည်း ကြာရင် ငါတို့ျပန္သြားဦးမွာ..."
ကျန်းဟယ်လင်း ကပြောလိုက်သည်။
ယခုနောက်ပိုင်းတွင် ကျန်းရှို့ချန် သည် စကားနားထောင်ပြီး လိမ္မာလာခဲ့သည်။
ကျန်းယန်ရှန့် က ခပ်တည်တည်ပြောလေသည်။
" နင် လိမ္မာရင် ခေါ်မယ်..."
ကျန်းဟယ်လင်း ကပါ ဘေးတီးပေးလိုက်သည်။
အဲ့ဒီက ကိတ်မုန့်ကလေ အရမ်းစားလို့ကောင်းတာပဲ...
အစားအသောက်နှင့် ဂိမ်းများဖြင့် ကျန်းရှို့ချန် သည် သွေးဆောင်ခံလိုက်ရသည်။
"အခုကစပြီး သား နေ့တိုင်း အိမ္စာကို အချိန်မှန် လုပ္မယ္လို့ ကတိပေးပါတယ်..."
"ကောင်းပြီ...ဒါဆို ခေါ်မှာပေါ့..."
ကျန်းယန်ရှန့် ကပြောလေ၏။
လျန့်ယင်းယင်း သည် ဓါတ်ပုံများရိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ခင်ပွန်း၊ သား၊ သမီးများအားလုံးသည် ကျန်းယန်ရှန့် ကို ပြုံးကြည့်နေသည်ကို မြင်သွားသည်။
ဤမြင်ကွင်းမျိုးကို သူမ မမြင်ချင်ပေ။ကျန်းယန်ရှန့် သည် ယခင်ကကဲ့သို့ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသူ မဟုတ်တော့ပေ။ယခုမူ သူမသည် စကားနည်းပြီး အေနေအးလာကာ ကျန်းဟွမ် ကလည်း သူ့သမီးကြီးကို အလွန်ဂရုစိုက်လာသည်။လျန့်ယင်းယင်း မြင်ချင်သော အခြေအနေမဟုတ်သည်မှာ သေချာသည်။
"ဟယ်ဟယ်...ညစာ အဆင်သင့်ဖြစ်မဖြစ် သွားကြည့်စမ်း..."
သူမသည် ငြိမ်သက်မှုကို ချိုးဖျက်ရန် ကျန်းဟယ်လင်း ကို အော်လိုက်သည်။
आप पढ़ रहे हैं
အကြီးဆုံးသမီး👩
सामान्य साहित्यEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...