Part 61
ကျန်းယန်ရှန့် ကားထဲသို့ ဝင်လိုက်သည်နှင့် ရှောင်ကျိုးက ကားကိုစက်နှိုးလိုက်သည်။
မမလေးယန်ယန်...ဘယ္သြားမလို့လဲ...
ဘယ်နေရာဖြစ်ဖြစ် သွားလိုက်.. ကားမောင်းဖို့ နေရာရှိရင် ပြီးရော...
ကျန်းယန်ရှန့် သည် အပြင်ထွက်ချင်၍ မဟုတ်ဘဲ လျန့်ကျန်းကို ကားမစီးစေချင်၍ ဖြစ်သည်။
ရှောင်ကျိုး က ပြုံးပြီး ချီးမွမ်းလိုက်သည်။
"မမလေးယန်ယန်က အရမ်းတော်တာပဲ...အဲဒီလူက အရမ်းဆိုးတယ်...သူက ဒီအိမ်မှာစား ၊ ဒီအိမ်မှာနေတယ်.. ကုမ္ပဏီ လစာကလည်း ယွမ် ၂၅,၀၀၀ ကေန ၈၀,၀၀၀ ကြား ရတာကိုမ်ား သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး...."
"ကျွန်မက ရှင့်ကို လျန့်ယင်းယင်း နောက် အမြဲလိုက်နေရလို့ လျန့်ကျန်း ဘက္က ပါမယ္လို့ ထင်ထားတာ..."
ရှောင်ကျိုး က ပြုံး၍ပြောလိုက်သည်။
"မမလေးရဲ့ အေဖက ကျွန်တော့်ကို လစာပေးထားတာပါ....ဆရာကြီးက ကျွန်တော့်ကို သူ့မိန်းမနဲ့ မမလေးအတွက် ကားမောင်းပေးဖို့ တာဝန်ပေးတာ....ဒါ ကျွန်တော့်တာဝန် ပါ...ကိုယ်ပိုင်ဆုံးဖြတ်ချက် မဟုတ်ရပါဘူး....
ယခင်ဘဝက အန်တီလော ကလြဲ၍ မည်သူမှ သူမကို ဂရုမစိုက်ခဲ့ကြပေ။သို့သော် သူမသိပ်ချစ်သော အန်တီလော အလုက်ထွက်သွားချိန်တွင် သူမသည် အထီးကျန်မှုကို စတင်ခံစားခဲ့ရပြီး လူတိုင်းအပေါ် ရန္လိုစြာ ပြုမူခဲ့သည်။
ယခု တွေးကြည့်လျှင် ရယ်စရာကောင်း နေပြန်သည်။တကယ်တမ်းတွင် ရှောင်ကျိုး နှင့် အန်တီဝမ် တို့သည် ပိုက္ဆံအတြက္သာ အလုပ်လုပ်နေကြခြင်း ဖြစ်သည်။
လူတစ်ယောက်အတွက် အခြားတစ်ယောက်က ထာဝရ တည်ရှိရန် မဖြစ်နိုင်ပေ။
သူမကသာ မသိနားမလည်စွာဖြင့်
'ကမ်ဘာကြီးက ငါ့ရန္သူပဲ'
ဆိုသည့် စကားကို လက်ကိုင်ထားပြီးမိခင်ဖြစ်သူ၏ အမွတ္တရမ်ား ရှိသည့်အိမ်ကို စွန့်ခွာခဲ့သည်။
ထို့ကြောင့် နောက်ဆုံးတွင် လျန့်ယင်းယင်း ကသာ အောင်မြင်သူ ဖြစ်လာခဲ့သည်။
ESTÁS LEYENDO
အကြီးဆုံးသမီး👩
Ficción GeneralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...