အကြီးဆုံးသမီး

2K 162 1
                                    

Part 38

အစ္မ ဘယ္သြားမလို့လဲ..."

ကျန်းဟယ်လင်း က လှေကားလက်ရန်းကို မွီကာ မေးလိုက်သည်။

"ငါ လက်ဝှေ့လေ့ကျင့်ဖို့ သြားမလို့..."

ကျန်းယန်ရှန့် ပြန်ပြောလိုက်သည်။

ကျန်းဟယ်လင်း က ထပ်မေးလိုက်ပြန်သည်။

"ဒီနေ့နေ့လည်မှာ စန္ဒယားသင်ရမှာ မဟုတ္ဘူးလား..."

ကျန်းယန်ရှန့် က ရပ်လိုက်ပြီး လှေကားထိပ်ကို မျှော်ကြည့်ကာ

"နင်က ဘယ္လိုသိလဲ..." ဟု မေးလိုက်သည်။

"အစ္မ အပတ်တိုင်း ဒီလိုနေ့ဆို အျမဲ သွားတာလေ..."

ကျန်းဟွမ် သည် သူမ၏ သင်ခန်းစာ အချိန်ဇယား မ်ားကို မသိပေ။

သူမ အမေဆုံးပြီးကတည်းက သူမ ၏ စာသင်ချိန်ကို သူမကိုယ်တိုင် စီစဉ်ပြီး ညှိနှိုင်းခဲ့သည်။

သူမ အထက်တန်းကျောင်းတွင် ကျောင်းပြေးခြင်းသည် ကမ်ဘာသစ် တစ္ခုဆီသို့ ရုတ်တရက် တံခါးကိုဖွင့်လိုက်ခြင်း ဖြစ်၏။

သူမ အချိန်မီ အတန်းမတက်သည် ဖြစ်စေ၊ကျောင်းပြေးသည် ဖြစ်စေ၊သူ့အမေ စီစဉ်ပေးသည့် စာသင်ခန်းက ထွက်သွားသည် ဖြစ်စေဘယ်သူမှ သူမ အကြောင်းကို လုံးဝမပြောကြပေ။

အဘယ်ကြောင့်ဆိုသော် ဘယ္သူမွ သူမကို ဂရုမစိုက်၍ ဖြစ်သည်။

ကျန်းယန်ရှန့် က "ငါ စန္ဒယားသင်တန်း ကေန ထွက်လိုက်ပြီ..." ကျန်းဟယ်လင်း အနည်းငယ် အံ့သြသွားသည်။

"ဟင်...အစ္မ ဘာလို့ ထြက္လိုက္တာလဲ...."

"ငါ မသင်ချင်တော့လို့..."

"ဒါပေမယ့် အစ္မ နှစ်တွေ အကြာကြီး သင်ခဲ့တာ မဟုတ္ဘူးလား..."

ကျန်းယန်ရှန့် က ပြုံးပြီး

"ငါ မကြိုက်ဘူး..."

တကယ်တော့ သူမဟာ စန္ဒယားတီးခြင်းကို မကြိုက်ပေ။သို့သော် သူမ အေမက တောင်းဆိုခဲ့၍ သူမ သင်ယူခဲ့ရခြင်း ဖြစ်သည်။ယခု သူမ ပြန်လည်မွေးဖွား လာသောအခါတွင်လည်း မကြိုက် နှစ်သက်ပေ။

သူမဘဝကို ဖြုန်းတီးရန် မရည်ရွယ်ချေ။သို့သော် သူမ ဘဝအတွက် ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ရပါမည်။

အကြီးဆုံးသမီး👩Where stories live. Discover now