Chapter 47
ကျန်းယန်ရှန့် နားလည်လိုက်သည်။ သူမ၏ အဖေသည် အရာအားလုံးကို နားလည်သူ ဖြစ်သည်။
သေချာ စဉ်းစား ကြည့်လျှင် သူသည် အတွေ့အကြုံများစွာ တွေ့ကြုံခဲ့ရသော မြေခွေး တစ်ကောင် ဖြစ်သည်။ သူသာ စွက်ဖက်ချင် ပါက သူ မလုပ်နိုင်တာ ဘာမွ မရှိချေ။ သူသည် ဤမိသားစု၏ အာဏာနှင့် ချမ်းသာမှုကို အမှန်တကယ် ဆုပ်ကိုင်ထားသူဖြစ်သည်။
ထို အချိန်တွင်
အိမ်အကူ အဒေါ်က ညစာ အဆင်သင့်ဖြစ်ပါပြီ...
ဟု ခေါ်လိုက်သည်။
ကျန်းဟွမ် က ပြုံးပြပြီး
"ညစာ သွားစားရအောင်...."
တစ္မိသားစုလုံး ထမင်းစားခန်းသို့ သွားကြသည်။
ကျန်းဟယ်လင်း က အစ္မ ထမင်းစားချိန်ရောက်ပြီလေ..." ဟု အော်လိုက်၏။
အားလုံး လှည့်ကြည့်လိုက်လျှင် ကျန်းယန်ရှန့် သည် မှန်းဆလို့မရသည့် မျက်နှာထားနှင့် ရပ်နေသေး သည်ကို တွေ့လိုက်ရ၏။ သာမာန်အေးစက်မှုနှင့် လျစ်လျူရှုခြင်း မဟုတ်သော်လည်း ခါးသီးမွု အနည်းငယ် ရောယှက်နေသည်။
ကျွန်မ ဗိုက်မဆာလို့ပါ....အားလုံးပဲစားကြပါ....
ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားသည်။
လျန့်ကျန်း လည်း မျက်နှာ မကောင်းပေ။ ပထမအချက်မွာ ဇိမ်ခံအိမ်ကြီးတွင် နေထိုင်ရန် အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။ ထို့နောက် သမီးအကြီးဆုံးဖြစ်သည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးက ညစာစားပွဲတွင် ဧည့်သည်ကို မလိုလားဟန် ပြသည်။ တိုတိုပြောရလျှင် အားလုံးက အဆင်မပြေပေ။
ကျန်းဟွမ် သည် ရင့်ကျက်ပြီး ဆန်းပြားသည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် တကယ်တော့ သူ့မျက်နှာက ခံစားချက်တွေ ပြည့်နှက်နေသည်။ထို့အပြင် မကျေနပ်မှုများသည် သူ့မျက်နှာမှာ ပေါ်လွင်နေသည်။သူသည် အားလုံးရှေ့တွင် အရှက်ရသွားသည်။
မူလက သူသည် ဆွေမျိုးတစ်ဦး၏ ချစ်ခင်ကြင်နာမှုကို ပေးလိုသည်။
လျန်ကျန်း သည် ဘွဲ့ရပြီးသော လူငယ်တစ်ဦးဖြစ်သည်။ သူ့ကို လေ့ကျင့်ပေးနိုင်လျှင် အလုပ်တွင် အဆင်ပြေနိုင်၏။
JE LEEST
အကြီးဆုံးသမီး👩
Algemene fictieEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...