Part 55
သို့သော် ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ကို အော်ဟစ်ကာ ရန်တွေ့လေ့ရှိသော မိန်းကလေး မဟုတ်တော့ပေ။
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ၏ခေါင်းကို ညင်သာစွာ ထိလိုက်ပြီး ကျန်းဟွမ် ကိုသာ အေးစက်စွာ ကြည့်လိုက်သည်။
ကျန်းဟွမ် ကလည်း မူလထဲက လျန့်ယင်းယင်း ၏ စကားများသည် စိတ္ပ်က္စရာဟုသာ ထင်ခဲ့ရာ ယခု ရိုင်းစိုင်းခြင်းနှင့် ရွုတ္ခ်မွု တို့ပါ ရောယှက်နေသည် ဟု ခံစားမိသွားသည်။ကျန်းဟွမ် ၏ တစ်နေ့လုံး မကျေနပ်ချက်များသည် ချက်ချင်း စုရုံးပြီး ထွက်ပေါ်လာသည်။
ကျန်းဟွမ် က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
မင်းက ဘာဖြစ်နေတာလဲ....ငါ့စကားတွေက အရေးမပါတော့ဘူးလား..."
လျန့်ယင်းယင်း သည် ကျန်းဟွမ် ဘာကြောင့် စိတ်ဆိုးသွားသည်ကို နားမလည်နိုင်ဘဲ ကလေးသုံးယောက်နှင့် တူဖြစ်သူရှေ့တွင် ပြစ်တင်ခြင်း ခံရသဖြင့် ရှက်စိတ်ဖြင့် မွှန်ထူသွားလေသည်။
ဟင့်အင်း...ကျွန်မက ကေလးကို ပြော...
"မင်း သူမကို ကလေးမှန်း သိရဲ့လား...သူမ အပန်းဖြေဥယျာဉ်ကို သွားချင်ပေမယ့် မင်းက သူမ ကို အဲဒီကို လိုက်မပို့ချင်ဘူး မလား....မင်းက ဘယ္လိုအေမလဲ...."
လျန့်ယင်းယင်း သည် ကျန်းဟွမ်၏ စကားကြောင့် မွားသြားသလို ခံစားလိုက်ရ၏။
' ကျန်းဟွမ် ဟာ ကျန်းဟယ်လင်း ကို ဂရုစိုက်တာ မတွေ့ဖူးပါဘူး... သူ ဘာကြောင့် အခုအချိန်မှ သနားစရာကောင်းတဲ့ ဖခင်တစ်ယောက်လို ပြုမူကတာလဲ...'
လျန့်ယင်းယင်း တွေးနေမိ၏။
"တော်ပြီ...မပြောနဲ့တော့....နောက်ဆို မင်းရဲ့ ကလေးတွေကို ပိုဂရုစိုက်...."
လျန့်ကျန်း က အခြေအနေမကောင်း သည်ကို မြင်တော့ ချောင်းတစ်ချက်ဟန့်ရင်း ဖျန်ဖြေလိုက်သည်။
"ဦးလေး...မနက်ဖြန် ကုမ္ပဏီကို ဘယ္လိုသြားရမလဲ..."
ကျန်းဟွမ် က ခဏမျှ စဉ်းစားပြီး ပြောလေသည်။
ESTÁS LEYENDO
အကြီးဆုံးသမီး👩
Ficción GeneralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...