Part 94
ကျန်းယန်ရှန့် အောက်ထပ်မှဖျော်ရည်ယူ၍ အပေါ်ပြန်တက်လာသောအခါ လှေကားလက်ရန်းနားမှနေ၍ အပေါ်ထပ်သို့ စိုးရိမ်တကြီး ချောင်းကြည့်နေသော ကျန်းဟယ်လင်းအား တွေ့လိုက်ရသည်။
ကျန်းယန်ရှန့်မှ ကျန်းဟယ်လင်း၏ ငယ်ထိပ်ကို လှမ်းကိုင်လိုက်သည်။
ထို့နောက် အားအနည်းငယ်သုံးကာ ကျန်းဟယ်လင်းအား သူမ၏အခန်းရှိသည့် ဦးတည်ရာဘက်သို့ ဆွဲလှည့်ပေးလိုက်၏။
" ကိုယ့်အိမ်စာကိုယ်သာလုပ် ! " ကျန်းယန်ရှန့်ကပြောသည်။
" မမ တစ်ခုခုလုပ်ပါဦး " ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏လက်မောင်းကို အားကိုးတကြီးဖက်တွယ်၍ တောင်းဆို၏။
ကျန်းယန်ရှန့် ဆွံ့အသွားတော့သည်။
" ငါကနင်တို့အမေရဲ့ ကိစ္စတွေအထိ လိုက်ဂရုစိုက်နေရဦးမှာလား ... ဖယ်စမ်းပါ အိမ်စာတွေအများကြီးလုပ်စရာရှိသေးတယ် "
သင်ကြားရေးနှင့် အကြံပေးခြင်းကိုဤပုံစံအတိုင်း ဆက်လက်ကျင့်သုံးနေပါက သားအမိနှစ်ယောက်အနက် တစ်ယောက်ယောက်မှာတော့ တစ်ချိန်ချိန်၌ ကျိန်းသေပေါက် တိုင်ပတ်တော့မည်ဖြစ်သည်။
ဦးစွာလက်လျှော့လိုက်သူက ကျန်းရှို့ချန်ပင်ဖြစ်၏။
သူမ၏အခန်းဆီသို့ဦးတည်လာနေသော ခြေသံခပ်ပြင်းပြင်းကို ကျန်းဟယ်လင်းကြားလိုက်ရသည်။
ထိုခြေသံ၏နောက်တွင် ကျန်းရှို့ချန်၏ ကျယ်လောင်သောအသံပါ တစ်ခါတည်းကပ်ပါလာ၏။
" မမ ! မမ ! "
ကျန်းရှို့ချန်အော်ခေါ်နေသောအသံမှာ လန့်ဖျပ်စရာကောင်းလွန်းလှ၍ သူမ၏အခန်းတံခါးကို ကျန်းဟယ်လင်းပြေးဖွင့်လိုက်တော့သည်။
ကျန်းရှို့ချန်၏မျက်နှာတွင် နှာရည်နှင့်မျက်ရည်များ ရောထွေးနေရှာသည်။
ကျန်းဟယ်လင်းက သူမ၏လက်ကို ဆန့်ထုတ်လိုက်သော်လည်း ကျန်းရှို့ချန်က ရှောင်ကွင်းသွား၏။
ကျန်းဟယ်လင်း ဆွံ့အသွားသည်။
လှုပ်လှုပ်ရွရွအသံများကြောင့် ကျန်းယန်ရှန့် စားပွဲမှထပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။
CITEȘTI
အကြီးဆုံးသမီး👩
Ficțiune generalăEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...