Part 59
လျန့်ကျန်း သည် ကျန်းဟွမ် ပြောခဲ့သည့် "ပထမနေ့" ဆိုသည့်စကားကို အမှန်တကယ် နားမလည်ခဲ့ပေ။ အလုပ်ရှင်သူဌေးနှင့်နေ့တိုင်း ကားအတူစီးခွင့်ရမည်ဟု အတွေးရောက်လျက်ရှိသည်။
သို့သော်လည်း အင်္ဂါနေ့တွင် ကျန်းဟွမ်နှင့်အတူ ဇိမ်ခံကားကြီးကို မစီးခဲ့ရေပ။
သူက ထမင်းစားခန်းထဲတွင် မနက်စာစားပြီးစောင့်နေသော်လည်း ကျန်းဟွမ် ဆင်းလာသည်ကို မတွေ့ရ၍ အိမ်အကူအဒေါ်ကို မေးကြည့်လိုက်သည်။
ဆရာကြီး ထွက်သွားပါပြီ...ဆရာကြီး ဂေါက်ရိုက်ဖို့ ချိန်းထားတာရှိလို့ သြားတာပါ...အခုဆို ရာသီဥတုက ပူတော့ မနက်စောစော ကစားကြမှာ....
လူချမ်းသာကြီးများသည် ကျန်းမာရေးကို အထူးဂရုစိုက်ကြ၍ ဂေါက်ရိုက်သည့်အခါ နေရောင်ခြည်၊ လေ နှင့် မြက်ခင်းပြင်တို့ အားလုံးစုံလင်မှသာ ကစားလေ့ရှိသည်။
"ကားရော ယူသွားသေးလား..."
အိမ်အကူအဒေါ်က ပြုံးပြီး ပြောလေသည်။
ဟုတ်ကဲ့...ယူသွားပါတယ်...."
ယခုအချိန်သည် လျန့်ယင်းယင်း လည်း အိပ်ရာမထသေး၍ အကူအညီမတောင်း၍မရနိုင်သဖြင့် ထမင်းစားခန်းတွင်သာ ထိုင်ပြီး ညည်းညူနေလေ၏။
"ဒါဆို ငါ ကုမ္ပဏီကို ဘယ္လို သြားရမလဲ..."
ကျန်း မိသားစု၏ အိမ်ကြီးသည် ဗီလာ နယ်မြေတွင်ရှိသောကြောင့် ကိုယ်ပိုင်ကားမရှိလျှင် အခက်အခဲ ဖြစ်နိုင်သည်။ကျန်းအိမ်အနီးတွင် ရေကန်တစ်ခုရှိပြီး ပတ်ဝန်းကျင်အလွန်ကောင်းမွန် သော်လည်း အနီးနားရွိ လူနေအိမ်များသည် လူကုံထံများဖြစ်သောကြောင့် ဘတ်စ်ကား မှတ်တိုင်နှင့် မြေအောက်ရထား ဘူတာမ်ား မရှိပေ။
ကျန်းယန်ရှန့် က ပါးစပ္ကို တစ်ရှူးနှင့် သုတ်လိုက်ပြီး အပေါ်ထပ်သို့ တက္သြား သည်။
လျန့်ကျန်း က ကျန်းဟယ်လင်း ကို မဲ့ကာပြောလိုက်သည်။
"နင့် အစ္မက မာနကြီးလွန်းတယ်....."
ညီမ ဝမ်းကွဲနှစ်ယောက်တွင် တစ်ယောက်က မာနကြီးပြီး နောက်တစ်ယောက်က ညံ့ဖျင်းသူ ဖြစ်ပြီး ဝမ်းကွဲ ညီလေးမှာ ကျန်းအိမ်၏ သခင်လေးဖြစ်၍ ဆိုးသွမ်းသည့် ကလေးတစ်ယောက်ဖြစ်သည်။
STAI LEGGENDO
အကြီးဆုံးသမီး👩
Narrativa generaleEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...