အကြီးဆုံးသမီး👩

1.8K 157 1
                                    

Chapter 159

ယခုတွင် နောက်ဆုံးစာမေးပွဲပြီးသွားပြီ ဖြစ်သောကြောင့် အားလပ်ရက်များ စတင်လေသည် ။ ကျန်းဟွမ် ၊ သားနှင့် မိန်းမနှင့် ကလေးများအား ခေါ်ကာ သူ၏အမေအား တွေ့ရန် ခေါ်ဆောင်ခဲ့လေသည် ။

    သူ၏အကြီးဆုံးအစ်ကို၏ မိသားစုနှင့် ချိန်းထားလေသည် ။ ထို့ပြင် ကလေးနှစ်ယောက်သည် လည်း အဖွားနှင့် တွေ့ချင်နေကြသည် ။

    ယောက်ျားများအတွက် ထိုအရာသည် ဝတ်ပြုကိုးကွယ်မှု တစ်ခုပင် ဖြစ်လေသည် ။ သူတို့ ဇနီးမောင်နှံအတွက် ဒီအချိန်သည် မည်မျှ ခက်ခဲနေကြသည်ဟုဆိုစေကာပင် သူတို့၏ အာရုံစိုက်မှု ရမည်မဟုတ်ချေ။

    အဖွားကြီး အတွက်တော့ သူမသည် ထိုကဲ့သို့သော အချိန်မျိုးအား သဘောကျနေသေးသည် ။ အသက်ကြီးလာသည်နှင့်အမျှ မည်မျှပင် ခက်ခဲကြမ်းတမ်းခဲ့သည်ပင်ဖြစ်စေကာမူ ၊ ယခု အခါတွင် သူ့တို့၏ကလေးများတွင်  လေးဘက်ထောက်သွားကြသည့်အရွယ်မှစ၍ သားသမီးနှင့်မြေးများ အပြည့်ရှိသည်ကို ကြိုက်နှစ်သက်လာကြသည် ။

    ယခုကဲ့သို့ကြီးမားသည့် မိသားစု တွေ့ဆုံပွဲတွင် ကလေးများအကြောင်းသာ ပြောဆိုကြမည်မှာ သေချာပေသည်။

    "ဟယ်ဟယ်က အတန်းထဲမှာ ပထမ ရတယ်…"

ကျမ်းဟွမ် သူ့အမေအား ကြွားလိုက်သည် ။

    သူမသည် ကျန်းဟယ်လင်း အား ထပ်မံပွေ့ဖက်ကာ "ငါတို့ရဲ့ ဟယ်ဟယ်လေးက ပိုပို တော်လာတာပဲ…"။

ကျန်းဟယ်လင်း ရှက်ကိုးရှက်ကန်းနှင့်တောက်တောက်ပပလေးပြုံးနေသည်။

ကျန်းချိီကလည်း ပြုံးလျက် " ငယ်ငယ်တုန်းကဆို…ငါရယ်ရှောင်လင်းရယ် ယန်ယန်ရယ်တို့က စာမေးပွဲတိုင်း ပထမနဲ့ ဒုတိယနေရာ အမြဲရနေကျ…အလယ်တန်း‌ရောက်တော့ စာပိုလုပ်ခဲ့ကြတာပေါ့…ငါတို့သာ စာမလုပ်ရင် စာမေးပွဲကျဖို့ အလွယ်လေးပဲ…မူလတန်းကျောင်းမှာ အပျော်ဆုံး…အရမ်းကိုပျော်စရာ ကောင်းတာ…ဒါနဲ့စကားမစပ် …ရှို့ရှို့ရဲ့ နောက်ဆုံးစာမေးပွဲကရော ဘယ်လိုနေလဲ …"

ကျန်းဟွမ်သည် သူ၏တူမများအား အပြုံးမပျက်ပင် ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်အား ဝှေ့ယမ်းပြကာ " မေ့လိုက်တော့…"

အကြီးဆုံးသမီး👩Where stories live. Discover now