အကြီးဆုံးသမီး

2.1K 136 0
                                    

Part 79

ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို

ပြောလိုက်သည်။

"ရေသွားကူးတော့..."

"ဟုတ်ကဲ့..."

ထို့နောက် သူမ လျန့်ကျန်း ကို  တစ်ချက် ကြည့်လိုက်ပြီးအပေါ်ထပ်သို့ တက်သွားလေသည်။

လျန့်ကျန်း  ဒေါသကြောင့် တုန်ယင်နေပြီး တတိယထပ်ရှိ လျန့်ယင်းယင်း ၏ အခန်းသို့ ပြေးတက်သွားလိုက်သည်။

လျန့်ယင်းယင်းတစ်ယောက် အိပ်ပျော်နေတုန်း တံခါးကို အတင်းထုရိုက်သံကြောင့် လန့်နိုးလာ၏။

"ဘယ်အချိန်ရှိပြီလဲ...နင် ဘာတွေ ရူးနေတာလဲ...အိမ်သွားကြည့်ဖို့ အချိန်မတန်သေးဘူးနော်..."

"အန်တီ...ကျန်းယန်ရှန့် အရမ်းလွန်လွန်းတယ်...”

လျန့်ကျန်း က ဒေါသတကြီး တိုင်တန်းလေတော့သည်။

"သူမ ကျွန်တော့် ဖုန်းကို ရိုက်ခွဲပစ်လိုက်တယ်...အခု ကျွန်တော့်မှာ ဖုန်း မရှိတော့ဘူး..."

လျန့်ယင်းယင်း မူလက အိပ်ချင်မူးတူး ‌ဖြစ်နေသော်လည်း ကျန်းယန်ရှန့် ၏ နာမည်ကို ကြားလိုက်သည်နှင့် ဆတ်ကနဲ ခေါင်းထောင်သွားသည်။

"ကျန်းယန်ရှန့်က ဘာဖြစ်လို့လဲ..."

“အဲ့ဒီကလေးမက စည်းမရှိ၊ကမ်းမရှိ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်... သူမက ကျွန်တော့်ဖုန်းကို ရေကူးကန်ထဲ ပစ်ချလိုက်တယ်...ဒါပေမဲ့  ကျွန်တော် ပြန်ဆယ်လိုက်ပါတယ်....အဲဒါကို ကျွန်တော့်လက်ထဲ လုပြီး ကြမ်းပြင်‌ပေါ်ကို ပစ်ပေါက်လိုက်ပြန်ရော... ကျွန်တော်က ပြန်‌လျော်ခိုင်းတော့  သူမက ဖုန်းအသစ် တစ်လုံး ပြန်ပေးမယ် တဲ့...အဲ့တော့ကျွန်တော်က ကြေအေးပေးလိုက်ပါတယ်... ဒါပေမဲ့ သူမ...သူမက ဖုန်းအသစ်ကိုလည်း ရိုက်ခွဲပစ်လိုက်ပြန်ရော...အခု နှစ်ယောက်လုံး ဖုန်းပျက်သွားတဲ့ အတွက် ကျေပြီလို့ပြောတယ်...ဟင်း... ပိုက်ဆံရှိတာနဲ့ လူကို စော်ကားလို့ ရမလား...”

“သူမက နင့်ဖုန်းကို ဘာလို့ ရိုက်ခွဲတာလဲ....နင် ဘာလုပ်ခဲ့လို့လဲ..."

လျန့်ယင်းယင်းသည် တူဖြစ်သူ အကြောင်းကို ကောင်းကောင်း သိပြီး ကျန်းယန်ရှန့် အကြောင်းကိုလည်း နောကျေနေသူ ဖြစ်သည်။ ကျန်းယန်ရှန့် သည် စိတ်အနှောက်အယှက် ပေးတတ်သော်လည်း လူတစ်ယောက်ကို  ဒုက္ခ ပေးမည့်သူမဟုတ်ပေ။

အကြီးဆုံးသမီး👩Wo Geschichten leben. Entdecke jetzt