Part 8
လမ်းတွင် မီးပွိုင်မမိခဲ့သည့်အတွက် တစ္မိသားစုလုံး အချိန်မီရောက်လာခဲ့သည်။ နောက်မကျသည့်အတွက် ရိုသေမှုမရှိခဲ့သည့် အကြောင်းအရာလည်း မဖြစ်တော့ပေ။
ခန်းမ အဝင်ဝတွင် သူမ၏ အဒေါ်နှင့်ဦးလေးသည် ဧည့်ကြိုအနေဖြင့် မတ်တပ်ရပ်နေကြသည်။ ကျန်းယွမ်နှင့် ကျန်းယန်ရှန့်တို့သည် မိသားစုနှင့်အတူ လမ်းလျောက်ဝင်သွားပြီး ဆွေမျိုးများနှင့် ဝမ်းသာစွာနှုတ်ဆက်နေကြသည်။
အဓိကမယားကြီးနေရာရရန် သားဖြစ်သူကို အားကိုးနေရသော အငယ်အနှောင်းဖြစ်သည့် လျန့်ယင်းယင်းသည် သူမ၏ မစ်ကျန်းဆိုသောနေရာကိုပြသနိုင်ချင်သည့်အတွက် ထိုကဲ့သို့သော လူသိရှင်ကြား အခမ်းအနားပွဲများကို တက်ရောက်ရာတွင် အလွန်နှစ်သက်သည်။
ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းကို လူကြီးများက လှပစွာကြီးပြင်းလာသည့်အတွက် ဂုဏ်ယူစွာဖြင့် ချီးကျူးနေကြသည်။
ကျန်းရှို့ချန်တစ်ယောက်တည်းသာလျင် တံခါးဝမွ အထဲသို့ဝင်ရန် စိတ်စောနေခဲ့သည်။ လျန့်ယင်းယင်းက သူအား ခပ်တင်းတင်းဆွဲထားပြီး အထဲသို့ဝင်ခွင့်မပေးပေ။ သူမက သူ့အားတင်းမာသည့်မျက်နှာထားဖြင့် ရွို့ရွို့ လူကြီးတွေကိုနှုတ်ဆက်လိုက်လေ
ကျန်းရှို့ချန်က စိတ်မပါစွာဖြင့် တျခားသူမ်ားကို နှုတ်ဆက်လိုက်သည်။
သူတို့၏ အဒေါ်နှင့် ဝမ်းကွဲများက အပြုံးလေးဖြင့် အရမ်းချစ်ဖို့ကောင်းတာပဲ ကျားပေါက်လေးနဲ့တောင်ဆင်တယ်..
ကျန်းဟွမ် ကရှက်ရွံ့စွာပြုံးလိုက်သည်။
ကေလးမ်ားကို ပြုစုစောင့်ရှောက်ခြင်းသည် အတော်လေးခက်ခဲပြီး မိဘများအနေဖြင့် အတော်လေးစိတ်ရှည်ရသည်။ ကျန်းဟွမ်သည် ကျန်းယန်ရှန့်အပေါ် အမြဲစိတ်ရှည်ခဲ့သည်။ တကယ်တမ်း သူမ ငယ်ရွယ်စဉ်အချိန်က သူမ မိခင်ကသာ သူမကိုစောင့်ရှောက်ခဲ့သည်။ နောက်ပိုင်း သူ့ဇနီးဖြစ်သူ နာမကျန်းဖြစ်လာသော်လည်း အကြီးဆုံးသမီးလေးသည် လိမ်မာရေးခြားရှိစွာဖြင် စကားနားထောင်သည့်အတွက် စိတ်မပူခဲ့ရပေ။
ESTÁS LEYENDO
အကြီးဆုံးသမီး👩
Ficción GeneralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...