Part 14
သူမ တံခါးပိတ်လိုက်သည့်အတွက် တဖက်မှဆူညံသံများ အတော်လေးသက်သာသွားသည်။ ထိုကလေးနှစ်ယောက် ဘာအတွက်ရန်ဖြစ်ပြီး လုနေကြသည်ကို သူမ မသိပေ။ သူမအနေဖြင့် သိဖို့လိုအပ်သည်ဟုလည်း မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကလေးနှစ်ယောက်လုံးသည် အမေတစ်ယောက်တည်းဆီမှ မွေးဖွားလာခြင်းမဟုတ်ပါလား
ထိုနှစ်ယောက်က စကားဆက်များနေတုန်းပင်။ ကျန်းဟယ်လင်း ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ကျန်းယန်ရှန့် လက်ထဲမှဘောပင်ကို အောက်ချလိုက်ပြီး စာရွက်ကိုပါဖြဲ ပစ်လိုက်သည်။
ကျန်းယန်ရှန့် ..
အေမေရ သမီးတော့ တစ်ယောက်ယောက်ကို ရိုက်ချင်လာပြီ.
ဖြဲထားသောစာရွက်ကို လုံးခြေပြီး ခြင်းတောင်းထဲသို့ပစ်ချလိုက်သည်။ ထို့နောက် ဘောပင်အသစ်တစ်ခုကို ထပ်ယူလိုက်သည်။ ထိုအချိန်တွင် လျောက်လမ်းမှ ပြေးလွှားသံများထွက်ပေါ်လာသည်။
ကျန်းဟယ်လင်းသည် ကျယ်လောင်သောအသံဖြင့် အနောက်မှအော်ဟစ်ပြီးပြေးလိုက်နေသည်။ နားထောင်ရင်းဖြင့် ကလေးနှစ်ဦး၏ တိုက်ခိုက်သံများပိုမိုကျယ်လောင်လာသည်။
တစ္စုံတစ္ခုက ကြမ်းပြင်သို့ကျကွဲသွားသံကိုကြားလိုက်ရသည်။
ကျန်းယန်ရှန့် ..
နောက်ဆုံးတွင် ကျန်းယန်ရှန့် သည်းမခံနိုင်တော့ပေ။ သူမသည် နဂိုကတည်းက ဒေါသကြီးသူဖြစ်ပြီး ပြန်လည်မွေးဖွားလာသည့်အတွက် သူမစိတ္ကို အတော်လေးကြိုးစားထိန်းထားရသည်။ သို့သော်လည်း သူမသည် အရာအားလုံးကိုသည်းခံနိုင်သည့်သူမဟုတ်ပေ။
ကျန်းယန်ရှန့် ထိုင်ခုံကိုအဝေးသို့ ကျယ်လောင်စွာဖြင့်တွန်းဖယ်လိုက်ပြီး တံခါးဝဆီသို့လျောက်သွားကာ ဖွင့်လိုက်သည်။ ကျန်းရှို့ချန်သည် အကင်းပါးသောကလေးဖြစ်သည်။ ကျန်းယန်ရှန် တံခါးဖွင့်လိုက်သည်နှင့် သူ၏နောက်ကျောကိုသာ မြင်လိုက်ရသည်။
ကျန်းယန်ရှန့် အတော်လေးနောင်တရသွားသည်။ ကြမ်းပြင်ပေါ်တွင် ပျက်ဆီးနေသော ဂိမ်းစက်တစ်ခုကိုတွေ့လိုက်ရပြီး မျက်နှာပြင်မှာကွဲအက်နေသည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...