Chapter 41
ကျန်း မိသားစု၏ ပထမထပ်တွင် ဧည့်ခန်းဆောင်အပြင် ခန်းမငယ်တစ်ခုလည်း ရွိ သေးသည်။ ကျန်းဟယ်လင်း သည် ကတ်ကြေးနှင့် တိပ္မ်ားကို ယူဆောင်လာပြီး ကျန်းယန်ရှန့် နောက်မှလိုက်ကာ ခန်းမငယ်လေး ဆီသို့ လျှောက်သွားသည်။
ကျန်းယန်ရှန့် လှည့်ပတ်ကြည့်ကာ နံရံတစ္ခုကို ရွေးလိုက်သည်။ အိမ်၏အစွန်းနှစ်ဖက်တွင် ဝင်ပေါက်နှစ်ပေါက် ရှိပြီး အိမ်၏အတွင်းပိုင်း နှင့် ခြံဝင်းအလယ် တွင် ကျဉ်းမြောင်းသောနံရံတစ်ခုရှိသည်။
ဧည့်ခန်းမငယ်၏ စားပွဲပေါ်တွင် ပန်းပုရုပ် တစ္ခု ရှိသည်။ နံရံတွင် ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားသည်။
ကျန်းယန်ရှန့် သည် တစ်ချက်ကြည့်လိုက်ပြီး ပန်းချီကားကို ဖြုတ်ကာ ဘေးသို့ လှမ်းကြည့်လိုက်သည်။
ဆယ််လိုတိပ်ကို အပိုင်း တိုတို ဖြတ်ပြီး ငါ့ကို ပေး...
သူမက ပြောသည်။
ကျန်းဟယ်လင်း သည် တိပ်အတိုတစ်ပိုင်းကို ဖြတ်ကာ သူမကို အရင် ပေးလိုက်သည်။ ခေါင်းငုံ့ပြီး နောက်တစ်ခု ထပ်ဖြတ်လိုက်သည်။
သူမ မော့ကြည့်လိုက်လျှင် ရုတ်တရတ် အံ့ဩသွားရသည်။ သူမ၏ အစ်မသည် နံရံတွင် သူမ၏ 'သင်ယူခြင်း ကြယ်' ဆုလက်မှတ်ကို ထောင့်တစ်ဖက်ကို ဆယ်လိုတိပ်ဖြင့် ကပ်လိုက်၏။
ကျန်းဟယ်လင်း အံ့အားသင့်သွားသည် ကိုမြင်လျှင် ကျန်းယန်ရှန့် က သူမလက်ထဲက တိပ်တစ်ပိုင်းကိုယူလိုက်ပြီး
"ဘာကိုစောင့်နေတာလဲ....ဆက်ဖြတ်လေ...
သူမသည် ဆုလက်မှတ်၏ အခြားထောင့်ကို ဒုတိယတိပ်ဖြင့် ကပ်လိုက်ပြန်သည်။
ကျန်းဟယ်လင်း က ထပ်မဖြတ်ထားသဖြင့် ကတ်ကြေးနှင့် တိပ္ကိုယူကာ သူမကိုယ်တိုင် ဖြတ်လိုက်သည်။
ကျန်းဟယ်လင်း က ချီတုံချတုံဖြင့်
"ဒါက... အဆင်ပြေပါ့မလား..."
"ဘာလို့ မဖြစ်ရမလဲ..."
ကျန်းယန်ရှန့် က
ဆုလက်မှတ်ဆိုတာ တခြားသူတွေကို ပြရမှာ မဟုတ္ဘူးလား...သေတ္တာထဲမှာ ဖြက္ထားစရာ မလိုဘူး....
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...